ခမ်းသားငေါဝ်း
ဇွန်လ ၃၊ ၂၀၂၅
https://www.facebook.com/share/18sCx7yAUc/
ရှမ်းပြည်တောင်ပိုင်းတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ နေ့စဉ် ဖမ်းဆီးသဖြင့် ပရဟိတ အသင်းများနှင့် ကျောင်းသား မိဘ များ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်မှစ၍ ဇွန်လ အစောပိုင်း အထိ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခြင်း အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိသဖြင့် စျေးသည်များ၊ ပရဟိတ အသင်းများနှင့် ကျောင်းသား မိဘ များ အခက်အခဲ မျိုးစုံ ကြုံရကြောင်း သိရသည်။
“အရင်ကတော့ ပရဟိတ အသင်းအတော်များများ ဟာ လူမှုရေးခေါင်းစဉ် အောက်ကနေ ကားမျိုးစုံ ကို စီးနေကြတာ များပါတယ်။ အခုလို လိုင်စင်မဲ့ ယာဉ်တွေ အကုန်လုံး ဖမ်းဆီးမယ် ဆိုတော့ အတော်လေး အကြပ်ရိုက်ကုန်တာပေါ့။ တချို့ ရပ်နားထားကြတာတောင် ရှိကြတယ် ကြားတာပဲ။ တချို့ အသင်းကြီး တွေ လောက်ပဲ လိုင်စင်ကား အမှန်အကန်ကို သုံးနိုင်စွဲနိုင်တာမျိုးလေ။” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း ရှိ ပရဟိတ အဖွဲ့အစည်းများ၊ သွေးလှူရှင်အသင်းများ၊ လူမှုကူညီရေး အသင်း အများစု တို့သည် လူသားချင်း စာနာမှု အကူအညီများ ဆောင်ရွက်နိုင်ရေး အတွက် အခက်အခဲ ကြုံတွေ့နေရ ကြောင်း သိရသည်။
နာရေး အသင်းကဲ့သို့ ပရဟိတ နှင့် လူမှုကူညီရေး အသင်းတို့သည် မဖြစ်မနေ လှုပ်ရှား ကူညီဆောင်ရွက် ပေးရသဖြင့် လိုင်စင်ယာဉ်များကိုသာ အသုံးပြုခြင်း ရှိကြောင်း သိရသည်။
ကျောင်းသားမိဘ များသည် မြို့တွင်း ကလေးကျောင်းပို့ရန် ကား နှင့် ဆိုင်ကယ် များကို အသုံးမပြုရဲတော့ဘဲ လမ်းလျှောက် ကျောင်းပို့ရသဖြင့် အခက်ခဲ ကြုံရခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၃ ရက်နေ့တွင် လည်း တောင်ကြီးရှိဧရာဝတီလမ်းဆုံ တလျှောက် ၊ ကံကြီး အဝင် ၊ သစ်တော ကားလေးကွင်း ၊ ဆေးကျောင်းရှေ့တွင် စစ်ဆေးဖမ်းဆီးနေကြောင်းသိရသည်။
ထို့ပြင် စျေးနေ့တိုင်း လာရောက် ရောင်းချလေ့ ရှိသော စျေးသည် အများစု တို့သည် ဇွန်လ ၂ ရက် ဟဲဟိုးစျေးနေ့တွင် အလွတ်ကား ဆိုင်ကယ် အများစု ဖမ်းဆီးခံလိုက်ရခြင်း ရှိကြောင်း သိရသည်။
#PPV-006
#လိုင်စင်မဲ့ယာဥ်
#social
#ရှမ်းတောင်
#ဖမ်းဆီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။