ခမ်းသားငေါဝ်း
ဇွန် ၃၊ ၂၀၂၅
https://www.facebook.com/share/p/16Svs8Diik/
ဟဲဟိုးမြို့၌ ဇွန်လ(၂)ရက်နေ့လိုင်စင်မဲ့ ကားဆိုင်ကယ် ဖမ်းဆီးရာတွင် ဈေးနေ့ဖြစ်သည့်အတွက် အများဆုံး ဖမ်းဆီးခံရကြောင်းဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရာတွင် ဇွန်လ (၂)ရက်နေ့ဟဲဟိုးမြို့ ၌ ဟဲဟိုးစျေးသို့ စျေးလာသုံးကြသည့် အင်းခေါင်း ၊ မြေခြား၊ သရက်ပု ၊ဘော်နင်း၊ ဘော်ဆိုင်း ၊ ပင်းတယ ၊ ပွေးလှ စသည့် ဒေသမှာ စျေးလာသုံးသူများ၏ ကား၊ ဆိုင်ကယ် များပါသွားကြောင့်သိရသည်။
“ဖြစ်ချင်တော့ အဲ့နေ့က ဟဲဟိုးစျေးနေ့ ပြီးတော့ တမင်က်ို စောင့်ဖမ်းကြသလားတောင် အောင်းမေ့ရတယ် အဲ့တော့ အနီးနားက ရွာကလူတွေ စျေးလာသုံးရင်း ပါကုန်ကြတာလို့ သိရတယ် ၊ အများဆုံးပါသွားတာက ကားဆို Hijet ၊ Hodan fit တွေ၊ ဆိုင်ကယ်တွေကြ wave 100 ၊ လော့ဂျား ၊ kenbo အမျိုးအစားတွေ”ဟု ဒေသခံတစ်ဦးမှပြောသည်။
ထို့ပြင် ရှမ်းတောင်ရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ စသည့် မြို့များ၌ မြို့အဝင်အထွက်၌ အဓိကထားစစ်ဆေးဖမ်းနေကြောင်းသိရပါသည်။
၎င်းမြို့ များ၌ ဇွန်လ (၁)ရက်နေ့အတွင်း လိုင်စင်မဲ့ယာဉ်များကို မြို့အဝင်အထွက် အပြင် မြို့တွင်း၌ လိုက်လံဖမ်းဆီးရာ ကားအစီးရေ (၂၄၀)ကျော်၊ ဆိုင်ကယ် အစီးရေ (၄၅၀) ကျော် လိုင်စင်မဲ့ယာဉ်များဖမ်းမိကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လိုင်စင်မဲ့ယာဉ်
#ဟဲဟိုးမြို့
#ဟဲဟိုးစျေးသို့စျေးလာသုံး
#အင်းခေါင်း
#မြေခြား
#သရက်ပု
#ဘော်နင်း
#ဘော်ဆိုင်း
#ပင်းတယ
#ပွေးလှ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7