ခမ်းသားငေါဝ်း

ဇွန် ၃၊ ၂၀၂၅

https://www.facebook.com/share/p/1AjrS7uNPN/

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ကြီးမားသောပျက်စီးဆုံးရှုံးမှုများကို လုပ်ဆောင်နေသည့်ကယ်ဆယ်ရေးလုပ်ငန်းများသည် ၂ လကြာသည်အထိ ဆောင်ရွက်ပြီးစီးချင်းမရှိသေးသည့်အပြင် မိုးရွာသွန်း၍ အဆောက်အအုံများထပ်မံပြိုကျပျက်စီးနေသောကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဇွန်လ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တို့ကပူးတွဲထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှ စပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသောနေရာများတွင် မိမိကိုယ်မိမိခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးပြုလုပ်မည်မဟုတ်ကြောင်း ဆိုသည်။

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ဧပြီလ နှင့် မေလတို့တွင်လည်း ညီနှောင်မဟာမိတ် ၃ ဖွဲ့မှတစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကလည်း ငလျင်ဒဏ်ကြောင့်ပြန်လည်ထူထောင်ရေးအတွက်နှင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ရန်အတွက်ဆိုကာ ဇွန်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်ရပ်စဲကြောင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ငလျင်လှုပ်ခတ်မှုအပြီး ဧပြီလ နှင့် မေလ တို့တွင်လည်း အပစ်ရပ်ကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့သော်လည်း နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများကို ပြုလုပ်နေလျက်ရှိသည်။

PPV 003
ပုံ-Crd
#စစ်ရေး
#နိုင်ငံရေး
#အင်အားပြင်းငလျင်
#ကြီးမားသောပျက်စီးဆုံးရှုံးမှုများ
#ကယ်ဆယ်ရေးလုပ်ငန်းများ
#မိုးရွာသွန်း၍အဆောက်အအုံများထပ်မံပြိုကျ
#ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
#ညီနောင်မဟာမိတ်
#MNDAA
#TNLA
#AA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7