ခမ်းသားငေါဝ်း
ဇွန် ၃၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1131444235685422&id=100064595686020

စံကားဒေသ၊ ထီခိုး(ရေပူ) နှင့်ဘုရားတောင်ရွာကို ဇွန်လ(၂)ရက်နေ့၌ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု PNO ဝါဒဖြန့် မှထုတ်ပြန်ပြောဆိုထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ထီခိုးနှင့်ဘုရားတောင်ရွာတွင် ဇွန်လ(၂)ရက်နေ့နံနက်ပိုင်း၌ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။

“မနေ့ကမနက်(၇)နာရီလောက်ကတည်းကစပြီး ထီခိုးရွာဘက်မှာတစ်နေကုန်တိုက်ပွဲတွေဖြစ်နေတာ ညနေပိုင်း(၃)နာရီကျော်လောက်မှ နဲနဲငြိမ်သွားတယ် ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထီခိုးရွာတွင် တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများ ၏နေအိမ်ကို မီးရှို့ဖျက်ဆီးခံရသလို အခြာ နေအိမ်အလုံး ၄၀ ကျော်မီးလောင်ပျက်စီးသွားကြောင်းဒေသခံကပြော သည်။

PNO ပြည်သူ့စစ်မှ တော်လှန်ရေးအင်အားစုဘက်က ဒေသခံ နေအိမ်ကို မီးရှို့ခဲ့သည်ဟု စွပ်စွဲပြောဆိုထားခြင်းလည်းရှိသည်။

ထီခိုးရွာမြောက်ဘက်ရှိ လွယ်နွဲ့ဘုရားတောင်ရေဆိပ်ကျေးရွာတွင်လည်း ဦးဇော်ဇော်ထွန်း၊ ဦးရာကျော်၊ ဦးအောင်လင်းဦး၊ ဦးကျော်နိုင်ဦးတို့နေအိမ်ကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တပ်ဖွဲ့များက မီးရှို့ခဲ့သည်ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF) တပ်ရင်း(၁၀၀၉) က ထုတ်ပြန်ပြောဆိုထား သည်။

#Photo: IPDF
#PPV007
#Humanright
#ထီခိုး
#ရေပူရွာ
#စံကား
#ညောင်ရွှေ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။