ခမ်းသားငေါဝ်း
ဇွန် ၃၊ ၂၀၂၅
https://www.facebook.com/share/p/1GPN5SkaE
တိုက်ပွဲဖြစ်ချိန် ဆောင်းပြောင်းရွာဖြတ်ပြီးနေအိမ်ပြန်သည့် တရွတ်မွူး ရွာသားတစ်ဦး ပျောက်ဆုံးနေသည့်မှာ နှစ်ပတ်ကျော်ကြာပြီးသော်လည်း ပြန်မတွေ့သေးကြောင်း ကျေးရွာခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တရွက်မွူးရွာနေ ခွန်အောင်ပိုင်သည် မေလ ၁၇ ရက်မနက်ပိုင်းတွင် ပင်လောင်းမြို့ကနေ အိမ်ကိုပြန်မည်ဟုဆိုကာ ကားဖြင့် ပြန်သွားရာ တိုက်ပွဲဖြစ်ပွားနေသည့် ဆောင်းပြောင်းရွာအနီးတွင် အဆက်သွယ်ပြတ်သွားကြောင်းသိရသည်။
“သူပြန်တဲ့ရက်က ဆောင်းပြောင်းမှာတိုက်ပွဲစဖြစ်တဲ့ရက်ဖြစ်တယ်။ သူပြန်ပြီး ခုထိဘာအဆက်သွယ်မှမရတော့ဘူး။ သတင်းအစအနလည်းမကြားရတော့ဘူး။ သူ့မိဘတွေတော့ စိတ်ပူနေတယ်”ဟု တရွတ်မွူးရွာခံတစ်ဦးကပြောသည်။
ခွန်အောင်ပိုင်သည် အသက်၂၀ ကျော်အရွယ်ဖြစ်ပြီး လူငယ်ဖြစ်သောကြောင့် မိသားစုများက စိတ်ပူစိုးရိမ်ကြကြောင်း၄င်းကဆက်ပြောသည်။
ယခုဆောင်းပြောင်းအနီးတစ်ဝိုက်တွင် တိုက်ပွဲ အနည်းငယ်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ပျောက်ဆုံးသွားသော ခွန်အောင်ပိုင်ကို မရှာဖွေနိုင်ကြသေးကြောင်းသိရသည်။
တရွတ်မွူးကျေးရွာသည် ဆောင်းပြောင်းရွာတောင်ဖက် နောင်ဝိုးကျေးရွာ အနောက်ဖက်တွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားထားသောကျေးရွာဖြစ်သည်။
ဆောင်းပြောင်းကျေးရွာတွင်် မေလ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးရွာသားနေအိမ် ၅၀ ကျော်လည်း မီးရှို့ဖျတ်စီးခံရကြောင်း သိရသည်။
#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#တရွက်မွူးရွာ
#ခွန်အောင်ပိုင်
#အိမ်ကိုပြန်မည်ဟုဆိုကာ
#ကားဖြင့်ပြန်သွားပြီး
#တိုက်ပွဲဖြစ်ပွားနေခြင်း
#ဆောင်းပြောင်းရွာအနီး
#အဆက်သွယ်ပြတ်သွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7