ခမ်းသားငေါဝ်း

ဇွန် ၂၊ ၂၀၂၅

https://www.facebook.com/share/p/154DYmw1Hjt/

ရှမ်းပြည်နယ်တောင်ပိုင်း ၃ မြို့နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ် ကား၊ ဆိုင်ကယ် ဖမ်းဆီးရရှိမှု စုစုပေါင်း(၇၀၀) ကျော် ရှိကြောင်း ယာဥ်ထိန်းရဲနှင့်နီးစပ်သူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ အောင်ပန်းနှင့် ပင်းတယ မြို့ များ၌ မနေ့ ဇွန်လ (၁)ရက်နေ့အတွင်း လိုင်စင်မဲ့ယာဉ်များကို မြို့အဝင်အထွက် အပြင် မြို့တွင်း၌ လိုက်လံဖမ်းဆီးရာ ကားအစီးရေ (၂၄၀)ကျော်၊ ဆိုင်ကယ် အစီးရေ (၄၅၀) ကျော်ဖမ်းမိကြောင်း ယာဉ်ထိန်းရဲတပ်နှင့်နီးစပ်သူထံမှ သိရသည်။

“ ပင်းတယနဲ့အောင်ပန်းက မနေ့မှစဖမ်းတာ အောင်ပန်းကတော့ ကားအစီး ၂၀ ကျော်၊ဆိုင်ကယ်က ၅၀ ကျော်ဖမ်းမိတယ်၊ ပင်းတယတော့ ကား ၈၀ နဲ့ကျော်ဆိုင်ကယ်က ၁၀၀ နီးပါးလောက်ကိုဖမ်းမိတယ်၊ တောင်ကြိီးကတော့ မနေ့တစ်ရက်ထဲကို ကားဆိုင်ကယ် ၄၀၀ ကျော်ဖမ်းမိတယ်၊ ရွာငံဘက်ကတော့ မသိသေးဘူး”ဟု ယာဉ်ထိန်းရဲတပ်နှင့်နီးစပ်သူတစ်ဦးမှပြောသည်။

ပင်းတယနှင့် အောင်ပန်း မြို့များတွင် မြို့အဝင်၊အထွက် တို့၌ ဖမ်းဆီးနေကြောင်းသိရသည်။

“ ဖမ်းတယ် ၊ သီခေါင်တောင် အဆင်းလမ်းနဲ့ Super one ခြံရှေ့နဲ့ W ( လိုင်စင်မဲ့ယာဉ်) အကုန်ဖမ်းသိမ်းပြီးတော့ အောင်ပန်း DENKO ဆီဆိုင်နဲ့ အောင်ပန်းအထွက်နား ဖမ်းနေတယ်”ဟု အောင်ပန်းဒေသခံတစ်ဦးမှပြောသည်။

စစ်ကောင်စီသည် မေလ (၂၁) ရက်တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ညောင်ရွှေ၊ အောင်ပန်း၊ပင်းတယ ၊ ရပ်စောက် ၊ဟဲဟိုး နှင့် ရွာငံတို့တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနေကြောင်းသိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီး
#အောင်ပန်း
#ပင်းတယ
#လိုင်စင်မဲ့ယာဉ်များ
#မြို့အဝင်အထွက်
#မြို့တွင်း
#လိုက်လံဖမ်းဆီး
#ယာဉ်ထိန်းရဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7