ခမ်းသားငေါဝ်း
ဇွန် ၁ ၊ ၂၀၂၅
https://www.facebook.com/share/p/1C2T9c5Fj4/
တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များအား ယနေ့ ဇွန်လ (၁)ရက်နေ့တွင် လိုက်လံစစ်ဆေးသိမ်းနေကြောင်း ဒေသခံထံများမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ရတနာသီရီ ၊ ချမ်းမြသာစည် ၊ ပြည်တော်သာ ၊ မြို့မ ၊ ကံသာနှင့် စျေးပိုင်းစသည့်ရပ်ကွက်တွင်းရှိ ဆိုင်ကယ် အရောင်းပြခန်းထိ လိုင်စင်မဲ့ ယာဉ်များ အား ယနေ့ ဇွန်လ (၁)ရက်နေ့မနက်ပိုင်းတွင် စတင် စစ်ဆေးသိမ်းယူနေသည်။
“ကိုစန်းငွေဆိုင်တော့မပါသွားဘူး တခြားဆိုင်တွေပါသွားတယ်ကြားတယ်၊ အဓိက စာရင်းမပြနိုင်တာတွေဆိုမရဘူးပေါ့၊ လိုင်စင်ဆိုပေမယ့် ဆိုင်ထဲကို အဝင်အထွက် စာရင်းတွေကိုပါစစ်တယ်”ဟု ဒေသခံတစ်ဦးမှပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ကယ် အရောင်းပြခန်း စုစုပေါင်း ၁၈ ဆိုင် ရှိပြီး လိုင်စင်မဲ့ဆိုင်ကယ်များကို တောင်ကြီးမြို့ပေါ်အတွင်း စတင်စစ်ဆေးနေကြောင်းသိရသည်။
“ မြို့ထဲတော်တော်များများတော့ အကုန်ဝင်စစ်နေပြီးဗျာ၊ဒီနေ့မှ စစ်တာ၊လောလောဆယ်ကတော့ ဒီနေ့မှ စစ်တာဆိုတော့ ကျွန်တော်လည်းသိပ်မသိသေးဘူး၊ ကျွန်တော် ဆိုင်လည်းဝင်မစစ်သေးဘူးဆိုတော့လေ”ဟု ဆိုင်ကယ် ရောင်းသူတစ်ဦးမှပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၌ အဓိက လိုင်စင်မဲ့ ကားများလိုက်လံစစ်ဆေးနေပြီး ညောင်ရွှေ ၊အောင်ပန်း၊ ပင်လောင်း ၊ရပ်စောက် ၊ဟဲဟိုး နှင့် ရွာငံ စသည့်မြို့များတွင် ဆိုင်ကယ်များအဓိက ထား ဖမ်းဆီးနေကြောင်း သိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့ပေါ်
#ရတနာသီရီ
#ချမ်းမြသာစည်
#ပြည်တော်သာ
#မြို့မ
#ကံသာနှင့်စျေးပိုင်း
#ဆိုင်ကယ်အရောင်းပြခန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7