ခမ်းသားငေါဝ်း
ဇွန် ၂၊ ၂၀၂၅

https://www.facebook.com/share/p/1CM32fsWjS/

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ စစ်မြေပြင်တွင် ရဲဘော်နှစ်ဦး ကျည်ကာလိုအပ်ချက်များကြောင့် ကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၂၉ ၏ ရဲဘော်ထံမှသိရသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊တပ်ရင်းအမှတ် (၂၉)၊တပ်ခွဲ(၁)၏ စစ်ကြောင်းမှူး အသက် (၃၂)နှစ် ရဲဘော် ဆလိုင်း ရဲနိုင်(ခ)ဂျော်ကာနှင့် ဒုတပ်တပ်ခွဲမှူး အသက်(၂၂)နှစ် မင်းထက်နိုင်(ခ)အရိုး တို့သည် မေလ (၂၄)ရက်နေ့တွင် ဆောင်းပြောင်းရှေ့တန်းစစ်မြေပြင် တိုက်ပွဲ၌ ကျည်ကာလိုအပ်ချက်များကြောင့် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း ဆိုသည်။

“တိုက်ပွဲထဲမှာဆိုတော့ အဓိက ၊ ကျွန်တော်တို့ ကျည်ကာပြားတွေ လိုအပ်တာပေါ့နော် ကျသွားတဲ့ရဲဘော်တစ်ယောက်ဆို သူရဲ့ ကျည်ကာပြားက၊ ရှေ့မှာပဲပါတာ နောက်မှာ မပါဖူး၊ သူက မလောက်တော့ရဲဘော်တွေကို ငဲ့တာပေါ့၊ဆုံးရှုံးမှု အတွက်ကတော့ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်ညီအစ်ကိုတွေလိုနေလာတာဆိုတော့”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၂၉ ရဲဘော်တစ်ဦးမှပြောသည်။

ထို့ကျဆုံးသွားသည်ရဲဘော်နှစ်ဦးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း- ၂၉ ၊ ၂၀၂၄ခုနှစ် ဩဂုတ်လ ၃ ရက် နေ့မှစ၍ တပ်ရင်းစတည်ထောင် ကတည်းက တူတူလက်တွဲခဲ့ကြောင့် ၎င်း ကဆက်ပြောသည်။

အာဏာရှင်စနစ်ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် ရဲဘော်နှစ်ဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၊တပ်ရင်းအမှတ် (၂၉)မှ လွန်စွာ ဂုဏ်ယူဝမ်းနည်းမိကြောင်း ထုတ်ပြန်ရေးသားထားသည်။

ဆောင်းပြောင်းရွာတိုက်ပွဲ၏ နောက်ဆက်တွဲစစ်ရေးအခြေအနေကို “စစ်ရေးနဲ့ပက်သက်တာ တွေကတော့ ကျွန်တော်တို့ ဗဟိုက ဖြေကြားခွင့်မပေးထားပါဘူး” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၊တပ်ရင်းအမှတ် (၂၉)သတင်းပြန်ကြားရေးဌာနမှာ ခမ်းသားငေါဝ်းကိုပြောသည်။

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတဝိုက်တွင် မေလ ၁၇ ရက်မှ မေလ၂၆ရက်အထိ ၁၀ရက်တာ တိုက်ပွဲအတွင်း ဆောင်းပြောင်းကျေးရွာတွင် တပ်စွဲထားသော PNO နှင့် စစ်ကောင်စီများ၏ စခန်းများကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနှင့် မဟာမိတ်တပ် ပေါင်းစုများက တိုက်ခိုက်ခဲ့ရာ စစ်သုံးပန်းများနှင့်လက်နက်ခဲယမ်းများရရှိကြောင်း ဖယ်ခုံ PDFက မေလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

PPV0013
ပုံ-အွန်လိုင်း
#စစ်ရေး
#ပင်လောင်းမြို့
#ဆောင်းပြောင်းကျေးရွာ
#စခန်းသိမ်းတိုက်ပွဲ
#ရဲဘော်နှစ်ဦးကျည်ကာလိုအပ်ချက်များကြောင့် ကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၂၉ ၏ ရဲဘော်တစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။