ခမ်းသားငေါဝ်း
ဇွန်လ ၁၊၂၀၂၅
https://www.facebook.com/share/v/15QaemvUSq/
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဆုံကျေးရွာ အနီးတွင် ဇန်နဝါရီလ (၁၃)ရက်နေ့က တိုက်ပွဲအတွင်းဖမ်းမိခဲ့သည့် PNLA ရဲဘော် (၅)ဦးအနက် (၄)ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ပစ်သတ်ခဲ့သည့် ရုပ်သံသက်သေ ရရှိထားကြောင်း PNLA ထံသိရသည်။
ထို ရုပ်သံမှတ်တမ်းကို တော်လှန်ရေးအင်အားစုမှဖမ်းမိထားသည့် စစ်ကောင်စီ စစ်သုံ့ပန်း တပ်သား တစ်ဦး၏ ဖုန်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီးအဆိုပါ စစ်သုံ့ပန်းများက သက်သေထွက်ဆိုထားသည်။
“သူတို့အရှင်ဖမ်းမိတာက ၅ ယောက် လေးယောက်ကိုပစ်သတ်ခဲ့တယ်။ ဓာတ်ပုံ ထဲ ၅ ယောက်လို့ဖော်ပြတာက တစ်ယောက်ကတိုက်ပွဲတွင်းကျတာ။ အရှင်ဖမ်းမိ ၅ ယောက်မှာ တစ်ယောက်ကခုထိသူတို့ဖမ်းထားတုန်းပဲ ပစ်သတ်တုန်းက ဗီဒီယို ဖိုင်ပြန်ရရှိတာဖြစ်တယ် ”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO/PNLA) အထွေထွေ အတွင်း ရေးမှူးဗိုလ်မှူးကြီး ခွန်အောင်မန်းက ခမ်းသားငေါဝ်း ကိုပြောသည်။
အဆိုပါ ရုပ်သံမှတ်တမ်းတွင် ဖမ်းမိထားသည့် PNLA စစ်သုံ့ပန်း (၄)ဦး၏ နောက်မှ နေ၍ စစ်ကောင်စီ ယူနီဖောင်းဖြင့် စစ်သားတစ်ဦးက ပစ်သတ်နေသည်ကို တွေ့မြင်ရပြီး စစ်ကောင်စီ၏ သုံ့ပန်းများ၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်သားအပြင် PNO ပြည်သူ့စစ်များကပါ ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ပစ်သတ်ခံရသည့် PNLA ရဲဘော်များသည် ခွန်ကျပ် – ဒုဗိုလ် ၊ ခွန်မွေး – တပ်စိပ်မှူး ၊ ခွန်ထွန်းငွေ – ဒုတပ် စိပ်မှူး၊ ခွန်ဦး – ရဲဘော် တို့ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတကာ ဥပဒေ ကကျွန်တော်တို့တော်လှန်ရေးဘက်ကလိုက်နာတယ် ဖမ်းမိသုံ့ပန်းကိုကောင်း ကောင်းမွန်မွန်ထားတယ်၊ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က တိုက်ပွဲ တွင်းဖမ်းမိသုံ့ပန်းကို ဥပဒေမရှိမလိုက်နာ သတ်ဖြတ်တာက စစ်ရာဇဝတ်မှု ထင်ထင်ရှားရှားကျူးလွန်နေတာဖြစ်တယ်”ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဥ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်န ဝါရီလ (၁၂)ရက်နေ့က ဆီဆိုင်မြို့နယ်၊ ထီဆုံကျေးရွာအနီးတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနှင့် PNLA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးခဲ့သည်။
ထို့ပြင် PNLA ဘက်ကလည်း ရဲဘော် (၁)ဦး ကျဆုံးကာ (၅)ဦးဖမ်းဆီးခံခဲ့ရပြီး ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၈)နာရီအထိ အသက်ရှင်လျက်ရှိနေသေးကြောင်း ပြောဆိုနေသော်လည်း PNO ဘက်က ညအချိန်တွင် PNLA ရဲဘော် (၅)ဦးအား သတ်ဖြတ်ခဲ့ပြီး သေဆုံးနေသည့် ရုပ်အလောင်းများထုတ်ပြန်လာခဲ့ခြင်းဖြစ် သည်။
PNO ပြည်သူ့စစ်သည် ပအိုဝ်းအချင်းချင်း ဟုတွေးတောခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စက်တင်ဘာ ၁၄ ရက်က PNLA တပ်ဖွဲ့ဝင် ၅ ဦးကိုလည်းအကြောင်းမဲ့ ပစ်သတ်ပြီးကြယ်တွင်း(ဆုံ)ထဲပစ်ထည့်ခဲ့သည်။
“အမှန်ကအဲအချိန်မှာ ပအိုဝ်းအချင်းချင်း ပဲခဏထိန်းထားပြီးဆွေးနွေးတိုင်ပင်လို့ရတယ် ဖြေရှင်း လို့ရရဲ့သားနဲ့သူတို့ကမလုပ်ဘဲ ပစ်သတ်လိုက်တာ နိုင်ငံတကာ ဥပဒေ လည်းမလိုက်နာဘူး စစ်ရာဇဝတ်မှု ကျူးလွန်ရမှာကိုလည်းဝန်မလေးဘူးဆိုတာသက်သေ ရှိခဲ့တယ်။”ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းက ဆိုသည်။
PNLO အနေနှင့် တော်လှန်ရေး ပြန်စကတည်းကပအိုဝ်းအချင်းချင်းကိုတိုက်ခိုက်မည်မဟုတ်ဟု စာလည်းထုတ်ပြန်ထားပြီးဖြစ်သလို လိုက်နာမှုလည်းရှိကြောင်း ပြည်သူ့စစ်အနေနှင့် စစ်ကောင်စီ နဲ့တွဲပြီးစစ်ကြောင်းမထိုးရင် အတတ်နိုင်ဆုံး မတိုက်ခိုက်ဘူး ဒါပေမယ့် သူတို့ဘက်က စစ်ကောင်စီ နဲ့တွဲပြီးစစ်ကြောင်းထိုးမှုဆက်လက်လုပ်လာတယ် ဟုလည်း ၎င်းကပြောဆိုထားသည်။
Video- PNLA
#ppv002
#Humanright
#သုံ့ပန့်
#PNLA
#PNO
#စစ်ရာဇဝတ်မှု
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။