ခမ်းသားငေါဝ်း
မေလ ၃၁၊ ၂၀၂၅

အင်းလေးဒေသတွင် ယခုရက်ပိုင်းမိုးများသဖြင့်အင်းလေး ကျွန်းမျှောပေါ် စိုက်ပျိုးထားသည့် စပါးခင်းများ ရေမြုပ်ကုန်ကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသတွင် မေလ၂၄ ရက်နေ့ကစပြီးရက်ဆက် မိုးရွာသွန်းကာ မတ်လ ၃၁ ရက်နေ့ အထိ မိုးမတိတ်သေးဘဲ ဒေသခံများစိုက်ပျိုးထားသော စပါးခင်းများရေမြုပ်ကုန်ကြကြောင်းသိရသည်။

“တောင်ကျရေအရမ်းများတယ်။ မိုးလည်းအဆက် မပြတ်ရွာတော့ ရေတက်မြန်တာ။ ခုတော့စပါးခင်း ဧက၂၀၀ နီးပါးက ရေမြုပ်တယ်။ မိုးဆက်ရွာရင်တော့ စပါးပျက်မယ်။နေအိမ်တွေလည်း ရေမြုပ်နိုင်တယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထိုသို့ မိုးအဆက်မပြတ်ရွာ၍ ရေကြီးခြင်းကြောင့် ငလျင်ဒဏ်ကြောင့်အိမ်ပျက်စီးပြီး ကျွန်းမျှောပေါ် တဲထိုးနေထိုင်သူများလည်း အခက်ခဲကြုံနေရကြောင်းသိရသည်။

ဒေသခံနောက် တစ်ဦးကလည်း”နိမ့်တဲ့နေရာဆို ရေအကုန်ဝင်တယ်။တဲအထိ ရေတက်တော့ တစ်ချို့က နေရာပြောင်းရတယ်။အခက်ခဲတော့ အမျိုးမျိုးဘဲ အိမ်ကပြန်မဆောက်နိုင်သေးဘူး ခုရေကြီးတာ ပြန်ကြုံရတော့မယ်”ဟု ပြောသည်။

ယခုရေကြီးခြင်းသည် နန်းပန်မြို့ဆေးရုံအနီးရှိ ဆည်မြောင်းကို ဖောက်ချရန်လိုပြီး ယင်းဆည်မြှောင်ဖောက်ချရန်အတွက်လည်း အင်းလေးပျူစောထီးများက လက်မခံသဖြင့် ယခုလို မိုးရာသီဝင်စတွင်ပင်ရေကြီးခြင်းနှင့် ကြုံနေရကြောင်း၄င်းကဆက်ပြောသည်။

ညောင်ရွှေမြို့နယ်အင်းလေးဒေသတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သောအင်အားပြင်းငလျင်ကြောင့် ပြည်သူနေအိမ် ၃ ထောင်ကျော် ပျက်စီးခဲ့ပြီးလူ ၁၀၀ နီးပါ သေဆုံးခဲ့ကြောင်းသိရသည်။

Photo Credit
#PPV005
#စိုက်ပျိုးရေး
#အင်းလေး
#စပါး
#ရေကြီး