ခမ်းသားငေါဝ်း
မေလ ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1A2Mhyj3AR/
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ငယ်အတွင်း ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၄)ရှိသော ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်D
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ယနေ့မေလ(၃၀)ရက် နေ့လည် (၂)နာရီ (၁၃)မိနစ်အချိန်မှာ တောင်ကြီး၊ ဟိုပုံး၊ အေးသာယာ၊ အင်းလေး၊ရွှေညောင်၊ ဟဲဟိုးတို့မှာ သိသိသာသာ ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။
“သိသိသာသာပဲ။ အရင်ကတည်း စိတ်ဒဏ်ရာက ရထားတော့ လုပ်နေတဲ့အလုပ် ချက်ချင်းပစ်ချပြီး ကလေးတစ်ဖက်နဲ့ အိမ်အပြင် ပြေးထွက်ခဲ့ရတယ်။ အများစုလည်း အိမ်အပြင်ဘက် ထွက်လာကြတယ်။ တချို့ကြတော့လည်း မသိလိုက်ဘူး ပြောတဲ့သူလည်း ရှိတယ်။ ကြောက်စိတ် စိုးရိမ်စိတ်တော့ အခုထိ မပျောက်သေးဘူး” ဟုတောင်ကြီး ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အပျက်အဆီးများခဲ့သည်ကို သင်ခန်းစာယူကာ နောက်ဆက်တွဲ ငလျင်ကို သတိထားနေကြရန်လည်းပြောဆိုသည်။
“အရင် မန္တလေးမှာလှုပ်တုန်းက ပထမအကြိမ် လှုပ်တာ ပြီးလည်း ပြီးရော လူတွေက အိမ်ထဲ အရေးကြီး ပစ္စည်း ဖုန်း၊ ရွှေငွေ၊ စာရွက်စာတမ်းတို့ ပြန်ပြေးယူတဲ့ချိန် ထပ်လှုပ်တော့ အဲ့မာ လူတော်တော် သေတယ်။ ဖြစ်လာမယ်လို့ မဟုတ်ပေမဲ့ သတိက ပိုသည်မရှိတော့ သတိထားနေနေကြဖို့ ပြောချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲ ငလျင်ကြောင့် နိုင်ငံတဝန်း ထိခိုက်သေဆုံး ပျက်စီး ဆုံးရှုံးမှု များခဲ့ပြီး ယခုချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်း လုပ်ဆောင်နေရဆဲဖြစ်ကြောင်းသိရသည်။
#PPV0011
#သဘာဝဘေး
#ငလျင်
#ဟိုပုံး
#4.4
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်