• ခမ်းသားငေါဝ်း
    မေလ ၃၁၊ ၂၀၂၅

လွိုင်ကော်မြို့တွင် လုံခြုံရေးတာဝန်ယူလှုပ်ရှား​သည့် စစ်ကောင်စီစစ်ကြောင်းက ပစ္စည်းများ ခိုးယူ ရောင်းစားနေကြောင်း ဒေသခံ တစ်ဦးပြောပြ ချက် အရ သိရသည်။

ကရင်နီ​ပြည် လွိုင်ကော်မြို့တွင် ကျဆုံးတပ်မတော်သားများ လက်ရှိတာဝန်ထမ်းဆောင်နေသောစစ်ကောင်စီတပ်များအတွက် ချိကယ်ဘက် ဌေး(ထီး) သမရွာ ရတနာစံအိမ်ယာ မုဆိုးမရပ်ကွက်တွင် လူသုံးကုန်ပစွည်းများ သံထည်ပစ္စည်းများ ခြံစည်းရိုးသံတံခါးများ ရောင်းစားလို့ရသည်ကိုအကုန်ခိုးပြီးရောင်းနေကြောင်း ဒေသခံ တစ်ဦး ထံမှ သိရသည်။

“အဲဒါ ထုံးစံအတိုင်းပဲပေါ့။ တွေ့နေမြင်နေလည်းမပြောရဲဘူး.ဒါပေမဲ့တခုတော့ပြောဖြစ်အောင်ပြောလိုက်ပါတယ် မသိချင်ယောင်ဆောင်ပြီး မင်းတို့တွေ သင်တန်းမှာသစ္စာအဓိဌာန်(၄)ချက်အခုထိဆိုနေရသေးလားလို့ ။ဆိုနေရပါတယ်တဲ့ ။အပြောနဲ့အလုပ် တခြားစီ။”ဟု ဒေသခံ တစ်ဦးကဆိုသည်။

ထိုသို့ ရောင်းနေသောသူများသည် လွိုင်ကော်မြို့လုံခြုံရေးလှုပ်ရှားစစ်ကြောင်းများဖြစ်ပြီး၊ စစ်ကောင်စီ တပ်သားအချင်းချင်းပစွည်းများခိုးယူရောင်းစားနေခြင်း ဖြစ်ကြောင်း ၊ ရိက္ခာအစို ဝယ်ယူရန် ငွေကြေး မလုံလောက်သဖြင့် လုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် တွင် ဒေသခံများ တချို့ ပြန်လည် နေထိုင်ကြသော်လည်း အလုပ်အကိုင် ရှားပါးခြင်းကြောင့် တောင်ကြီးမြို့ကို ပြန်လာပြီး နေထိုင်သူများလည်း ရှိကြောင်းသိရသည်။

တောင်ကြီးမြို့တွင် ပြန်လည်ခိုလှုံနေသူ ကရင်နီ( ကယား)စစ်ရှောင်တစ်ဦးက”အရမ်းကို သူခိုးများတယ်။ ကိုယ့်ရဲ့ ဘေးအိမ်မှာ ဝင်ခိုးနေတာ သိလည်း သွားကြည့်လို့မရဘူးနော်။ မီးခြစ်ကို မီးတောက်နဲ့ခြစ်ပြပြီးထောင်ပြတယ်။ ပစ္စည်း ဝင်ခိုးနေတာတောင် မသိဟန်ဆောင်ပြီး နေပေးရတယ်။ တချို့ရပ်ကွက် လမ်းတွေဆိုရင် ဝင်လို့ မရဘူး ၊ မိုင်းတွေဗုံးတွေရှိတယ်လို့ ရပ်ကွက်က လူတွေကပြောတယ်။ သူခိုးတွေ ကျတော့ဝင်လို့ရတယ်။ သူခိုးတွေက စိတ်တိုင်း ကျ ဝင်ထွက်ပြီး ခိုးယူနေကြတာပဲ။ နေအိမ် ကို ၂ ရက်လောက်ပြန်ကြည့်ပြီးတော့ အလုပ်ရှားတာနဲ့ ပြန်လာလိုက်တယ်။ ”ဟု ဆိုသည်။

တောင်ကြီးမြို့တွင်ကရင်နီ (ကယား)ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး လာရောက်ခိုလှုံနေသော စစ်ဘေးရှောင် အများအပြား ရှိကြောင်း သိရသည်။

#PPV-006
#Humanright
#လွိုင်ကော်
#စစ်ကောင်စီ
#ပစ္စည်း ခိုး