ခမ်းသားငေါဝ်း
မေလ ၃၁၊၂၀၂၅
မိုးဗြဲမြို့တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက် ကြီးထိမှန်၍ အသက်၃၀ကျော်အရွယ်ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့အနီး၊ဘီလူးချောင်းဘေးတွင် မေလ ၃၀ ရက် ညနေ ၃ နာရီအချိန်က ငါးမျှားနေသည့်အမျိုးသားတစ်ဦးသည် စစ်ကောင်စီပစ်ခတ်သောလက်နက်ကြီးထိမှန်သေဆုံးခဲ့ရကြောင်းသိရသည်။
“တိုက်ပွဲဖြစ်ပွားတာလည်းမရှိတော့ပါဘူး။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်လာတာ။ ငါမျှားနေတဲ့အဲလူနားကျတော့ လက်နက်ကြီးပေါက်ကွဲစ ထိပြီး ချက်ချင်းဘဲ ဆုံးသွားတယ်။ ဖြစ်သွားတာက မိုးဗြဲမြို့ တံတားအကြီးနား ဖြစ်သွားတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
သေဆုံးသူရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်သယ်ယူပြီး မိသားစုများခွင့်ပြုချက်ဖြင့် သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
မိုးဗြဲမြို့သည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား မကြာခန တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ပြီး ယခုအပတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်နေ လျက်ရှိကြောင်းပြောသည်။
photo credit
#PPV005
#Humanright
#လက်နက်ကြီး
#မိုးဗွဲ
#စစ်ကောင်စီ