ခမ်းသားငေါဝ်း
ဇွန် ၁၊ ၂၀၂၅
https://www.facebook.com/share/p/19gSK6qVtU/
ဆီဆိုင်မြို့အဝင်အထွက်တွင် ဆီဆိုင်ရဲများက ဂိတ်ဖွင့်ပြီး တောင်သူများ ပြောင်းမျိုးစေ့နှင့် မြေဩဇာသယ်ဆောင်ရာတွင် ငွေကြေးများတောင်းခံနေကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အဝင်အထွက်တွင် ရဲများကစစ်ဆေးရေးဂိတ်ဖွင့်ထားပြီး ပြောင်းမျိုးစေ့နှင့်မြေဩဇာသယ်သည့် တောင်သူများထံ ငွေကြေးတောင်းခံနေသည်။
“အရင်းအနှီးမရှိလို့ ပြောင်းမျိုးနဲ့မြေဩဇာကို အကြွေးနဲ့ယူရပါတယ်ဆို ရဲသူတောင်းစားတွေ တောင်းစားတာလည်းပေးရသေးတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တောင်ကြီးမှ ဆီဆိုင်သို့သယ်ဆောင်သည့် ရောင်းသူထံတွင်လည်း တောင်းယူထားပြီး တောင်သူများသွားဝယ်သည့်အခါတွင်လည်း တောင်းယူနေကြောင်း သိရသည်။
“သူများတွေတော့ ဘယ်လောက်ပေးရလဲမသိဘူး ကိုယ်တွေတော့ ၅ ထောင်ပေးလိုက်ရတယ် ငါးထောင်လည်း ငွေပဲလေရှာရတာမလွယ်ဘူး သူတို့ကျတော့ ငွေရှာတာလွယ်လိုက်တာ လက်ဖျန့်တောင်းယူယုံပဲ” ဟု ၎င်းကဆက်ပြောသည်။
စိုက်ပျိုးရာသီဖြစ်သည့်အတွက် တောင်သူများသည် နေ့စဉ်နှင့်အမျှ ပြောင်းမျိုး၊ မြေဩဇာများ ဝယ်ယူသယ်ဆောင်နေကြပြီး တစ်ချို့အရင်းအနှီးမရှိသူများက ပွဲရုံတွင်အကြွေးယူသူများရှိသလို ငွေတိုးယူပြီး ပြောင်းမျိုးစေ့နှင့် မြေဩဇာဝယ်ယူရသူများလည်းရှိကြောင်း ရဲကိုလည်းအခွန်ဆောင်ပေးရသည့်အတွက် တောင်သူများအခက်အခဲကြုံနေရကြောင်း သိရသည်။
PPVOO1
#ဆီဆိုင်မြို့အဝင်အထွက်
#ရဲများ
#စစ်ဆေးရေးဂိတ်ဖွင့်ထား
#ပြောင်းမျိုးစေ့နှင့်မြေဩဇာ
#တောင်သူများထံ
#ငွေကြေးတောင်းခံ