ခမ်းသားငေါဝ်း
မေလ ၃၁၊ ၂၀၂၅

 

စစ်အာဏာရှင်သက်ဆိုးရှည်နေသ၍ ပြည်သူလူထုများ ကောင်းကောင်းမွန်မွန် ၊ငြိမ်းငြိမ်းချမ်းချမ်း မနေရဘူးဆိုသည့်အခြေအနေတစ်ခုကို နှလုံးသားထဲမှာ ရှိဖို့ လိုကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက KNDF တည် ထောင်ခြင်း ၄ နှစ်ပြည့်နေ့တွင် အမှာစကားပြောကြားခဲ့သည်။

” ကျွန်တော်တို့ ဒီတိုက်ပွဲကို အောင်မြင်အောင် ကျားကုတ်၊ကျားခဲ ဆက်လက် တိုက်ပွဲဝင်ကြဖို့ တိုက် တွန်းလိုပါတယ်၊ ကျွန်တော်တို့အားလုံးတက်ညီလက် ညီနဲ့ ကြိုးစားသွားရင် မကြာခင်မှာအောင်မြင်မှုပန်းတိုင်ကို ရောက်တော့မှာဖြစ်ပါတယ်” ဟု ဒုစစ်ဦးစီးချုပ် မာဝီက ဆို သည်။

ထို့အပြင်တော်လှန်ရေးခရီးအတွင်း လေယာဥ်ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်၊ ဆင်းရဲ ဒဏ်များကို ကြံ့ကြံ့ခံပြီး ထောက်ပံ့ပေးသည့် ပြည်သူလူထုတစ်ရပ်လုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပြောကြားခဲ့သည်။

“သိပ်မကြာခင်ရောက်ရှိလာတော့မည့်ကာလတွေမှာ ကျွန်တော်တို့ဟာ လက်ထဲမှာ သေနတ်တွေအစား၊ ပန်းတွေကိုင်ပြီး တိုင်းပြည်အသစ်တစ်ခု၊ လူမှုအသိုင်းအဝိုင်းအသစ်တစ်ခုမှာ ပြန်ဆုံကြမယ်” ဟု ဆိုသည်။

၄ နှစ်တာတော်လှန်ရေးခရီးကို အခက်အခဲ၊ပင်ပန်းမှုများစွာ နှင့်အတူ ကြံ့ကြံ့ခံပြီး လျောက်လှမ်းလာခဲ့သော ရဲဘော်၊ရဲဘက်၊ ညီအကို၊ မောင်နှမအားလုံးကိုလည်း အသိမှတ်ပြုလေးစားကြောင်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောကြားခဲ့သည်။

#PPV 003
#နိုင်ငံရေး
#တော်လှန်ရေး
#KNDF
#မာဝီ