ခမ်းသားငေါဝ်း
ဇွန် ၁၊ ၂၀၂၅
ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် ရွေးကောက်ပွဲ ယခုနှစ်အတွင်း မဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ယာယီအပစ်ရပ်ကာလကို ထပ်တိုးလိုက်ကြောင်း ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် လက်ရှိကာလတွင် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာ ကူညီမှုများဖြင့် ဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယခုနှစ်အတွင်းကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
သို့သော် စစ်ကောင်စီသည် ငလျင်အပြီး အပစ်အခတ်ရပ်စဲရေး ကြေညာမှုမှာ ၄ ကြိမ်မြောက်ရှိခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်း ထိုးခြင်းများ ဆောင်ရွက်လျက်ရှိရာ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်မှ ကြောင်းတိုက်ခိုက်မှုပေါင် ၅၀၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၄၃၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် မတ် ၂၈ ရက်နေ့မှ မေ ၂၃ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၅၀၅ ကြိမ် အထိ ပြုလုပ်ခဲ့ရာ ပြည်သူ ၄၃၆ ဦးသေဆုံးပြီး ၈၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ငလျင်ဒဏ်သင့်ဒေသမျာ
#ပြန်လည်ထူထောင်ရေး
#ရွေးကောက်ပွဲ
#ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ
#ယာယီအပစ်ရပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7