ခမ်းသားငေါဝ်း

မေ ၂၉၊ ၂၀၂၅

အင်းလေးကန်အတွင်းကို မိုးရေနှင့် အတူ စီးဝင်လာသည့် နုန်းမြေများကြောင့် ၂၀၂၄ စက်တင်ဘာလထက် ရေကြီးမှုထက် ယခုနှစ်တွင် ပိုမိုဆိုးရွာနိုင်ကြောင်း Save the Inle lake အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ယုခုနှစ် မိုးရာသီချိန်တွင် မိုးကြီး၍ တောင်ပေါ်မှ ဆင်းစီးလာသည့် နုန်းမြေများကြောင့် အရင်နှစ်ထက် ပိုဆိုးရွာနေသည်။

“အဓိကပြသာနကတော့ မိုးရွာလာပြီးဆိုရင် မိုးရေနဲ့အတူပါလာတဲ့ သဲနုန်းတွေပေါ့ဗျာ၊ တောင်ကနေမြေနီပေါ့နော် အဲ့တာတွေက အင်းလေးကန် တိမ်ကောစေတဲ့အရာတွေပေါ့နော် ၊ အမြဲတမ်းလိုလိုဖြစ်နေတာပေါ့ မိုးရွာတိုင်း နုန်းမြေ တွေအမြဲပါလာတာ၊အခုလက်ရှိအင်းထဲမှာ ရှိနေတဲ့ သဲနုန်းပမာဏာထုတည်က ပြီးခဲ့တဲ့နှစ်ရေကြီး ပြီးတုန်းကပိုများလာတယ် ၊ပိုများလာလို့တကယ်လို့ မိုးထပ်ကြီးမယ်ဆိုရင် ပြီးခဲ့တဲ့ရေကြီးတာထက်တော့ ပိုပြီးတော့ဆိုးရွာလိမ့်မယ်ပေါ့နော်”ဟု Save the Inle lake အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှပြောသည်။

ထို့ပြင် အင်းလေကန်ထဲတွင် ရောက်နေသည့် သဲနုန်းများ ဆယ်ထုတ်ရန် ဆည်မြောင်းဦးစီးဌာနမှာ ရွှံ့စုပ်စက်ရှိနေသော်လည်း မည်သည် လုပ်ဆောင်ခြင်းမရှိကြောင်းသိရသည်။

အင်းလေးကန်ရှိ အနောက်ဘက် တောင်တန်းပေါ်တွင် ရွှေ့ပြောင်းတောင်ယာစနစ်များတိုးချဲ့လာခြင်းကြောင့် သစ်ပင်များ ခုတ်ခြင်းနှင့်အတူ သစ်တောပြုန်းတီးလာပြီး ရာသီဥတုဖောက်ပြန်ခြင်းကြောင့် အင်းလေးကန်အတွင်းသို့ မိုးရေနှင့်အတူ စီးဝင်လာသည့် နုန်းမြေများ ရေမှော်ရှားပါးကာ ဂေဟစနစ်ကို ထိခိုက်နိုင်သည့် အန္တရာယ်များ ကြုံနေရကြောင့်သိရပါသည်။

PPV0013
#သဘာဝပတ်ဝန်းကျင်
#ညောင်ရွှေမြို့နယ်
#အင်းလေးကန်
#ရေကြီးမှု
#နုန်းမြေ
#မိုးရာသီချိန်
#နုန်းမြေများ
#ရေကြီးပြီးဆိုးရွာနိုင်
#Save the Inle lake
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7