ခမ်းသားငေါဝ်း
မေလ ၃၀၊ ၂၀၂၅

https://www.facebook.com/share/p/1YjfPfUmDT/

တောင်ကြီးမြို့ပေါ်တွင် ရှောင်တခင်ယာဉ် စစ်ဆေးခြင်းများ ပြုလုပ်နေပြီး လိုင်စင်မဲ့ကား ဖမ်းဆီးကာ ဒဏ်ငွေပေးဆောင်ရကြောင်း သိရသည်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် ညွှန်ကြားပြီးနောက် မေလ(၃၀)ရက် ယနေ့၌လိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးကာ ဇွန်လ(၁)ရက်နေ့မှ စပြီး လိုင်စင်မဲ့ကား ဖမ်းဆီးမိပါက ကားသိမ်းဆည်းမည် ဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“ဒီရက် နေ့လည်ပိုင်း(၁)နာရီလောက်ကစပြီး တောင်ကြီး မီးပွိုင့်၊ နောက် အနောက်မြို့ပတ်လမ်း၊ K&Kနားမှာ လိုင်စင်မဲ့ကား ဖမ်းပြီး ဒဏ်ငွေပေးရတယ်။ ကျွန်မသူငယ်ချင်းဆို (၁)သိန်းပေးခဲ့ရတယ်ပြောတယ်။ သတိထားကြဖို့ ပြောချင်တယ်”ဟု ဒေသခံအမျိုးသမီး(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ယခုချိန်တွင် ယာဉ်ထိန်းရဲများက ကားများတားဆီးပြီး ယာဉ်မောင်းလိုင်စင်၊ ကားလိုင်စင်၊ ခါးပတ်ကြိုးတပ်မတပ် စသည်အချက်များနှင့်စစ်ဆေးအရေးယူ ဒဏ်ငွေဆောင်စေပြီး (၆)လပိုင်းမှ စ၍ သိမ်းဆည်းမည်ဟု ပြောကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက”သူတို့မိသားစု ကိုယ်တိုင်တောင် Wကားပဲ စီးနေကြတာကို ဘာတေဘယ်လိုလာအုံးမလဲ မသိဘူး။ အခုတော့ ဒဏ်ငွေဆောင်ပြီး ကားတော့ ပြန်ပေးတယ်။ (၆)လပိုင်း(၁)ရက်နေ့ကစပြီး ဖမ်းမိရင် သိမ်းဆည်းမယ် ပြောတယ်”ဟု ပြောသည်။

တစ်ဖက်တွင်လည်း တောင်ကြီး စည်ပင်ဌာနမှ လိုင်စင်ကားများ ဘီးလိမ့်ခွန်ဆောင်ပြီးသော်လည်း အချိန်ဆွဲပြီး ကဒ်ပြားမထုတ်ပေးသေးသည့်အတွက် ကားပိုင်ရှင်အချို့ အခက်ခဲကြုံနေရကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် မေလ(၂၀)ရက်က မော်တော်ယာဉ်နံပါတ်ပြားနှင့် လိုင်စင်အတုပြုလုပ်ခြင်းကို တွေ့ရှိပါက ပါဝင်ပတ်သက်သူများကို စစ်ဆေးအရေးယူဆောင်ရွက်သွားရန်နှင့် လိုင်စင်မဲ့ယာဉ် စီးနင်းခြင်းကို ဖော်ထုတ်အရေးယူရန် ပြောကြားခဲ့ကြောင်း သိရသည်။

photo credit

#PPV011
#social
#တောင်ကြီး
#လိုင်စင်မဲ့
#ဖမ်းဆီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။