ခမ်းသားငေါဝ်း
မေလ ၃၀၊ ၂၀၂၅
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဖယ်ခုံအနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို မေလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် ဖယ်ခုံ ရှိစစ်ကောင်စီတပ်မှ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့သည်။
” ဒီမှာကတိုက်ပွဲလည်းမရှိဘူး၊ စစ်ရှောင်စခန်းရယ် ဒေသခံတွေပဲရှိတာ ၊ မနေ့က လက်နက်ကြီး ပစ်လာတော့ ရွာဘေးနားလေးပဲ ကျသွားတာ၊ အထိအခိုက်တော့မရှိဘူး ဟု” ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဖယ်ခုံအနောက်ဖက်ခြမ်း တွင်စစ်ကောင်စီ၏ ကင်းထောက်လေယာဥ် များ နေ့စဥ်ဝဲပျံနေကြောင်းသိရသည်။
” လေယာဥ်ကတော့နေ့တိုင်းဝဲနေတာ၊ ကင်းထောက်လေယာဥ်တွေပေါ့လေ၊ ဒီရက်ပိုင်းဗုံးကြဲတာတွေတော့မကြားသေးဘူး၊ လက်နက်ကြီး တွေတော့ ခနခနပစ်တယ်ဟု ” ၎င်း ကဆက်ပြောသည်။
စစ်ကောင်စီသည် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုများမကြာခဏ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
#PPV 003
#Humanright
#ဖယ်ခုံ
#လက်နက်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။