ခမ်းသားငေါဝ်း
မေလ ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/16ajCCBgLj/
ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ခဲ့ရသည့် ဒေသခံ ပြည်သူ (၃)ထောင်ကျော် အကူညီလိုအပ်နေကြောင်း မေလ(၃၀)ရက်က သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် မေလ(၁၆)ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံပြည်သူများ နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
“နီးစပ်ရာ အမျိုး၊ ကျေးရွာတွေဆီ ပြောင်းရွှေ့နေထိုင်ကြရတယ်။ လိုအပ်ချက်တော့ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ မိုးကာနဲ့ အဝတ်အထည်တွေလိုတယ်။ စစ်ဘေးရှောင်တဲ့သူများကိုလည်း ငလျင်တုန်းက ကူကြသလို ကူစေချင်တယ်။ ဒါလည်း ခက်ခဲတာတော့ ရှိတာ နားလည်တယ်။တချို့ဆို အိမ်ပါမရှိတော့ဘူး”ဟု အမည်မဖော်လိုသူက ခမ်းသားငေါဝ်းကို ပြောသည်။
ဆောင်းပြောင်းဒေသခံများသည် ပင်လောင်းမြို့နယ် နောင်တရား၊ ဝါးလီ၊ ကောင်းဗာစသည့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
“အနီးနားမှာ လက်ရှိထိ လက်နက်ကြီးသံတွေ ကြားရတုန်းပဲပြောတယ်။ အခြေအနေကတော့ အသေးစိတ်မပြောပြတတ်ဘူး။ တိုက်ပွဲဖြစ်တဲ့ကျေးရွာကနေတော့ အားလုံးနီးပါးရှောင်လာကြတာ ဖြစ်တယ်”ဟု၎င်းက ဆက်ပြောသည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် (၁၀)ရက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့မှ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
#PPV011
#Humanright
#ဆောင်းပြောင်း
#စစ်ရှောင်
#အကူအညီလိုအပ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။