ခမ်းသားငေါဝ်း
မေလ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/16UUqhVkuf/
ကလော-သာစည်သွားလမ်း ဝက်ဖြူရေကျေးရွာ တောင်ကျချောင်းထဲသို့ လဝကဝန်ထမ်းယာဥ်တစ်စီးထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့ကြောင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကလောတောင်အဆင်းတွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန် ကလော-သာစည်သွား ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၁/၅) နှင့်(၆၁/၆)အကြား ဝက်ဖြူရေကျေးရွာ(မောင်ဖုန်းတံတား) ၌ HONDA FIT/အဖြူရောင် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“ကျော်ဇင်ဦး အသက် က ၄၀ နှစ်၊ လ၀က ဝန်ထမ်း ပါ၊ ကားပေါ်မှာ နောက်ထပ် တစ်ယောက် ပါသေးတယ်။ သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ယာဉ်မောင်း ကျော်ဇင်ဦးက တော့ နေမှာပင် ပွဲချင်းပြီး ဆုံးသွားပါတယ်။”ဟု ကလောမြို့ ရှိ ကူညီရေး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဆိုသည်။
အဆိုပါ ယာဉ်မောင်း ကျော်ဇင်ဦး မောင်းနှင်သော ယာဉ်အမှတ်၊YGN-12/2J-8076 (HONDA FIT/အဖြူရောင်) ယာဉ်သည် ကလောမြို့ဘက်မှ သာစည်မြို့ဘက်သို မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်း အနက်ပေ (၃၀)ခန့်ရှိ တောင်ကျချောင်းထဲသို ထိုးကျတိမ်းမှောက်ခဲ့ရာ ကျော်ဇင်ဦးတွင် ယာဘက်ဦးခေါင်း ချိုင့်ဝင်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာနားများသွေးထွက်ဒဏ်ရာ၊ နှာခေါင်း သွေးထွက် ဒဏ်ရာ၊ ယာမျက်လုံးဖူးရောင်ညိုမဲ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ကလော အတက်လမ်းသည် သတိဖြင့် မောင်းနှင်ရန် လိုအပ်ပြီး ၊ ယာဉ်ကြီး ယာဉ်ငယ်များ မိုးတွင်းရာသီ ဂရုစိုက် သွားလာကြပါရန် နှင့် တောင်တက်တောင်ဆင်းလမ်းတွင် ဘရိတ်များ ပူပြင်းမှု မရှိစေရန် အတွက် ရေပက်၊ ရေထိုးခြင်း လုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ယာဉ်မောင်း တို့က အကြံပြု ထားကြသည်။
#PPV-006
#မတော်တဆ
#ယာဥ်တိမ်းမှောက်
#လဝကဝန်ထမ်း
#ကလော
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။