ခမ်းသားငေါဝ်း
မေ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/16XuqnTynx/
အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့၌ မော်တော်ယာဉ် နံပါတ်ပြားအတု ရောင်းချနေသူ အသက်(၃၀)ကျော် အမျိုးသားနှစ်ဦးအား မေလ (၂၇)ရက်နေ့တွင် ဖမ်းဆီခံရကြောင်း ဒေသခံဆီမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့၌ နေထိုင်ကြသည့် အသက် (၃၀)ဝန်းကျင် အမျိုးသားနှစ်ဦးအား မော်တော်ယာဉ်နံပါတ်ပြား ရောင်းချမှုကြောင့် ဖမ်းဆီးခံရကြောင့် ဒေသခံဆီမှ သိရသည်။
“လောလောဆယ်တော့ အတိအကျမသိသေးဘူး ဖမ်းသွားတာကလည်း လူသိရှင်ကြားဝင်ဖမ်းသွားတာမဟုတ်ဘဲနဲ့ တိတိကျကျတော့မသိသေးဘူး၊လောလောဆယ် ဖြစ်စဉ်ကတော့အတိအကျမသိသေးဘူး၊ ဒါမဲ့ဌာနဆိုင်ရာတော့ပိုသိလိမ့်မယ်၊ လူသိရှင်ကြားဝင်ဖမ်းသွားတာလည်းမဟုတ်ဘူး၊ နောက်ပြီး ဝရမ်းရာဇာဝတ်မှုလိုမျိုးလုပ်သွားတာလည်းမဟုတ်ဘူးလေ၊အတိကျပြောဖို့နည်းနည်းခက်တယ်”ဟု ဒေသခံတစ်ဦးမှပြောသည်။
မော်တော်ယာဉ် နံပါတ်ပြားအတုများ ပြုလုပ်ရောင်းချနေကြောင်း သတင်းပေးချက်အရ မေ ၂၇ ရက်နေ့က တာဝန်ရှိသူ များမှရွှေညောင်မြို့နယ်၌ နေထိုင်သူ အသက် (၃၄)နှစ် အရွယ်အမျိုးသားကို ၎င်း ၏ “GTR” ကား ရေဆေးဆီလိုက်ဆိုင်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း စစ်ဆေးရှာဖွေစစ်ဆေးပြီး ကားနံပါတ်ပြား အတုစုစုပေါင်း (၁၈၉) ချပ်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရှိပါသည်။
အလားတူ အေးသာယာမြို့တွင်း၌ အသက်(၃၁)နှစ်အမျိုးသားဖွင့်လှစ်ထားသည့် BFBM အဆင့်မြင့် ကားပြု ပြင်ရေး ဆိုင်အတွင်း မော်တော်ယာဉ််နံပါတ်ပြား ပီနံအိတ်(၃) အိတ်ဖြင့်ထည့်ထားသည့် ကားနံပါတ်ပြားအတုစုစုပေါင်း (၆၀၀) ချပ်တို့အား တွေ့ရှိသိမ်း ဆည်းခဲ့ကြောင့်သိရသည်။
၎င်း အအမျိုးသားနှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ- ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရှိရသည်။
PPV0013
ပုံ-အွန်လိုင်း
#မှုခင်း
#အေးသာယာမြို့
#ရွှေညောင်မြို့
#အမျိုးသားနှစ်ဦး
#မော်တော်ယာဉ်နံပါတ်ပြား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7