ခမ်းသားငေါဝ်း
မေ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/19FQ346iRL/
အောင်ပန်းမြို့နယ်ရှိ ဂေါ်ဖိီထုပ်စိုက်တောင်သူများသည် ပွဲရုံတွင် ဂေါ်ဖီထုပ်စျေး မရှိသဖြင့် အရင်းမရ၍ အရှုံးခံပြီး အခမဲ့လာရောက်ယူနိုင်ကြောင်း စိုက်ပျိုးတောင်သူထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်ရှိ ဂေါ်ဖီထုတ်စိုက် တောင်သူများ ယခုဂေါ်ဖီထုတ်ထွက်ချိန် ပွဲရုံသို့ သွင်းရာတွင် ဂေါ်ဖီတစ်လုံး စျေး (၂၀၀)ကျပ်သာရသောကြောင့် တွက်ခြေမကိုက်သဖြင့် အရှုံးခံပြီး လိုအပ်သူများ လာရောက်ခုတ်ယူနိုင်ကြောင်းသိရသည်၊၊
“ခုတ်ချင်တဲ့သူကတော့ ခြံထဲလာခုတ်ပေါ့၊ နယ်တို့ ရန်ကုန်ကတို့အညာဖက်ကတို့ ဗမာပြည်ဖက်က လိုချင်ရင်ပေါ့ သူတို့က တန်ဆာခ နဲ့အိတ်ဖိုးကတော့ပေးရမာပေါ့လေ၊ အကုန်လုံးလှူလိုက်တော့မယ်၊ အဲ့တာတောင်မှာ တချို့က တန်ဆာခ မတက်နိုင်ဘူးပေါ့လေအဲ့လို့လည်းရှိသေးတယ်”ဟု တောင်သူတစ်ဦးမှ ပြောသည်။
နွေရာသီတွင် ရေလောင်းစိုက်ရသဖြင့် ရေအတွက် တစ်ရက်ကို ဒီဇယ် ၅ သောင်း အထိ ကုန်ကြပြီး ဂေါ်ဖီမျိုးစေ့နှင့်မြေဩဇာအပါအဝင် အနည်းဆုံးတစ်လုံး ၆၀၀ ကျပ် ရမှသာ အရင်းရပြီး ၂၀၀ ကျပ်သည် အရင်းတောင်မရကြောင်း၎င်း ကဆက်ပြောသည်။
“အောင်ပန်းကျတော့ အောက်စျေးဆိုတာရှိတယ်၊ပွဲရုံတွေပို့ရတာပေါ့ တစ်ထုပ်နှစ်ရာဆိုတာ သူတို့ပွဲရုံမှာ ၂၀၀ ဘဲပေးတာ အခုခါကြတာ့ ၊အိတ်ဖို့ရယ်၊ထမ်းထုတ်ခရယ်၊ စီပြီးကားပေါ်တင်တဲ့ ပြီးရင်ပွဲရုံပို့တယ် ခြံနဲ့ပွဲရုံ ကလည်း နှစ်မိုင်လောက်ဝေးသေးတာကိုအဲ့ဟာကျတော့ပို့တာ တစ်ထုတ်ကို နှစ်ရာ ငါးဆယ် ကျသွားပြီ”ဟု တောင်သူ တစ်ဦးမှပြာသည်။
ထို့ကြောင့် တောင်သူများသည် စိုက်ပျိုးထားသည်ဂေါ်ဖီများကို အရှုံးခံ၍ အခမဲ့ ပေးနေကြောင်းသိရသည်။
“ရှမ်းပြည်အပြင်ကိုမရောက်တော့တာ ၊ အခုရန်ကုန်ဆိုရင်လေ တစ်ထုပ်ကို ၂၀၀၀၊ ၃၀၀၀ အထိဝယ်ရတယ် မြဝတီဆို ၄၀၀၀၊၅၀၀၀ ဝယ်ရတယ် ပစ္စည်းက မရောက်နိုင်ဘူးလေ ၊ ဒိီရှမ်းပြည်မှာတင်ပုံနေတာ ၊အရင်က လမ်းကြေးက တစ်နေရာဖြတ်ရင် ၃၀၀၀ အခုက တစ်နေရာကို ၂ သောင်းကောက်တာ အဲ့တာကြောင့်မကိုက်တော့ဘူး”ဟု ဂေါ်ဖီစိုက်တောင်သူတစ်ဦးမှထပ်မံပြောဆိုသည်။
ဂေါ်ဖီထုပ်အပြင် ကုန်စိမ်းများသည် ဒေသတွင်း၌ သာရှိ၍ တခြားဒေသသို့ပို့ဆောင်ရန် လမ်းပေါ်တွင် ဂိတ်ဖြတ်ချိန် လမ်းကြေးခ အဆမတန်ပေးရခြင်း၊ ကျွဲတပ်ဆုံဂိတ်၌ အချိန်ကြာမြင့်စွာစောင့်ရ၍ ကုန်းစိမ်းများ ပုပ်ရခြင်း အမျိုးမျိုးကြောင့် ကုန်စိမ်းများသည်ရှမ်းပြည်အတွင်းသာ ပုံနေရပြီး စိုက်ပျိုးတောင်သူများ အခက်အခဲကြုံနေရကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#စိုက်ပျိုးရေး
#အောင်ပန်းမြို့နယ်
#ဂေါ်ဖီထုတ်စိုက်တောင်သူများ
#ခုတ်ခနှင့်သယ်ယူပို့ဆောင်ခများ
#လိုအပ်သူများလည်းလာရောက်ခုတ်ယူနိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7