ခမ်းသားငေါဝ်း
မေ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/16cufaoWpD/
အောင်ပန်းတွင် ဆိုင်ကယ်ကို ရှောင်ရာမှ ဆီဘောက်ဆာ ကားတစ်စီးတိမ်းမှောက်သွားကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ပန်း-ကလော သွားလမ်း DENKO စက်သုံးဆီအရောင်ဆိုင်အနီးတွင် မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်၌ ဆီဘောက်ဆာကားတစ်စီး ဆိုင်ကယ်ကိုရှောင်ရင်းတိမ်းမှောက်မှုဖြစ်သွားခဲ့သည်။
” ကားကတောင်ကြီးဖက်ကို တက်လာတဲ့ကား၊ ဆိုင်ကယ် ကိုရှောင်ရင်း မှောက်သွားတာလို့ပြောတယ်၊ တခြားကိုဝင်တိုက်မိတာမျိုးတော့မရှိဘူး” ဟု နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါယဥ်တိမ်းမှောက်မှုကြောင့် ကားသမား ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်းသိရသည်။
” ကားသမားရယ်၊ စပါယ်ရာ တစ်ယောက်ပဲပါတာ၊ ကားသမားတော့ ပွန်းပဲ့ဒဏ်ရာရသွားတယ်၊ စပါယ်ရာတော့ဘာမှမဖြစ်ဘူး၊ ကားပေါ်ပါလာတဲ့ ဆီတော့ အနည်းငယ်ယိုဖိတ်သွားတာရှိတယ် ဒါပေမယ့် သူတို့အချိန်မှီဆီတွေ ပြန်ထုတ်ယူသွားပါတယ်” ဟု ၎င်း ကဆက်ပြောသည်။
အဆိုပါကားသမားသည် တောင်ကြီးမြို့၊ စပ်စံထွန်းရပ်ကွက်နေ ကိုအောင်ဆိုသူဖြစ်ပြီး ဒဏ်ရာအနည်းငယ်ရရှိသွားသောကြောင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင်ထားပေးကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ ည ၅ နာရီခွဲ အချိန်တွင် ဟိုပုံး- တောင်ကြီးသွားလမ်း ၈ မိုင်တွင် ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် ကား ၄ စီး၊ ဆိုင်ကယ် ၁ စီး မီးကူးစက်လောင်ကျွမ်းသွားကာ လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
PPV 003
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်းမြို့
#အောင်ပန်းကလောသွားလမ်း
#DENKO
#စက်သုံးဆီအရောင်ဆိုင်
#ဆီဘောက်ဆာကား
#ဆိုင်ကယ်ကိုရှောင်ရင်း
#တိမ်းမှောက်မှုဖြစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7