ခမ်းသားငေါဝ်း
မေလ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/1C9qJYKVom/
လားရှိုးမြို့တွင် ယနေ့ထိ လေကြောင်းမပြေးဆွဲနိုင်သေးခြင်း ကြောင့် လေယာဉ်လက်မှတ် ဝယ်ယူထားသူများကို ငွေပြန်အမ်းပေးကြောင်း မေလ(၂၈)ရက်က သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် MNDAA ဆုတ်ခွာပြီးနောက် စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်ကာ မြို့ရှိလေကြောင်းလှိုင်းကို မေလ(၂၂)ရက် နောက် ပိုင်း ပြန်လည်ပြေးဆွဲမည်ဟု သတင်းထွက်ပေါ်ပြီး လေယာဉ်လက်မှတ် အရောင်းဌာနများကလည်း လက်မှတ်များ ရောင်းချခဲ့ကြကြောင်း သိရသည်။
” သိတဲ့တိုင်း (၂၂)ရက်ဆိုပြီး သိခဲ့ကြတာလေနော်။ ကျွန်မရဲ့သူငယ်ချင်းဆို လားရှိုး-ရန်ကုန်အတွက် လက်မှတ်ဖြတ်ခဲ့တာ (၆)သိန်း နီးပါးရှိတယ်။အဲ့တာ ရောင်းတဲ့ဌာနက ငွေတော့ ပြန်အမ်းပေးတယ်။ ဘာကြောင့် မပြေးဆွဲနိုင်သေးတာကိုတော့ ကျွန်မလည်း သေချာမသိရဘူး။ လေယာဉ်ကွင်းတို့ သန့်ရှင်းရေးလုပ်တာတော့ လုပ်သွားကြတာပဲ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်နေပြီး လက်ရှိမှာ ကျောင်းအပ်လက်ခံခြင်း၊ မြို့နယ် လဝက ရုံးတွင် စမတ်ကတ်၊ မှတ်ပုံတင် စသည့် ကိစ္စရပ်များ ပြန်လည် ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း နေ့စဉ် ခိုးမှု၊ လုယက်မှု ဓားပြတိုက်မှု ဆိုးရွားနေပြီး သွားလာရေးအတွက်လုံခြုံရေး စိုးရိမ်ပူပန်မှု ရှိနေကြောင်း သိရသည်။
#PPV011
#နိုင်ငံရေး
#လားရှိုး
#လေကြောင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။