ခမ်းသားငေါဝ်း
မေလ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/1WuJ7hUsmY/
လားရှိုးမြို့ မန်ဆူရှမ်းရွာတွင် ဝတ်စုံအနက် ရဲဝတ်စုံပုံစံမျိုး ဝတ်ဆင်ထားသူမှ ဆိုင်ကယ်စစ်ဆေးမည်ဟု ဆိုကာ လက်ထိပ်ခတ်ခဲ့ပြီး ဆိုင်ကယ်မောင်းပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ယနေ့မေလ(၂၈)ရက်က အဝေယျာလမ်းသွယ်(၅)၊ မန်ဆူရှမ်းရွာထဲတွင် ဦးလေးကြီး တစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးမည်ဟု ဆိုကာ ဆိုင်ကယ်ပိုင်ရှင် ဦးလေးကြီးကို လက်ထိပ်ခတ်ထားခဲ့ပြီး ဆိုင်ကယ် မောင်းပြေးကြောင်း ဒေသခံထံမှ သိရသည်။
“ဦးလေးကြီးလည်း ရဲထင်ပြီး ကြောက်ကြောက်နဲ့ ဆိုင်ကယ်ပေါ်က ဆင်းတာပေါ့။ အဲ့မာ လက်ထိပ်ခတ်ထားခဲ့ပြီး မောင်းပြေးသွားတယ် ပြောတယ်။ စစ်ကြီးကြောင့် အကုန်ပျက်စီးဆုံးရှုံးခဲ့တဲ့ ငါတို့လိုသူအတွက်တော့ ဆိုင်ကယ်(၁)စီးဆိုလည်း အရမ်းနစ်နာတယ်။ အဆိုးထဲက လူကို ဘာမှ မလုပ်သွားတာကံကောင်းတယ်လို့ပဲ ပြောရမယ်”ဟု ဒေသခံက ပြောသည်။
လားရှိုးမြို့တွင် လုယက်မှု မကြာခဏဖြစ်ပွားလျက် ရှိနေသော်လည်း တာဝန်ရှိသူများအနေဖြင့် ယခုလို ကိစ္စကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ(၁၃)ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက်(၁၂)၌ အမျိုးသမီးမောင်းနှင်လာသည့် ဆိုင်ကယ်အား သေနတ်ထောက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံများအနေဖြင့် အပြင်ထွက်သည့်အခါ ဖြစ်စေ၊ မြို့ထဲ ရွာထဲ သွားလာသည့်အခါ ဖြစ်စေ သတိထားသွားလာရန် အချင်းချင်း သတိပေး နေထိုင်နေရကြောင်း သိရသည်။
#PPV011
#social
#တရာဥပဒေစိုးမိုးမှု
#လားရှိုး
#ခိုးဆိုလုနိုက်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။