ခမ်းသားငေါဝ်း
မေလ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/1J5e7AxmqY/
မြန်မာနိုင်ငံတွင် ဧပြီလ ၂၇ရက်နေ့မှ မေလ ၂၅ နေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၈ဦး အထိ ရှိကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။
ပြီးခဲ့သည့်၂၀၂၅ ခုနှစ် ဧပြီလ (၂၇) ရက်နေ့မှ မေ (၄)ရက်နေ့အထိ တစ်ပတ်အတွင်း လူပေါင်း ၂,၅၀၀ ကျော် စစ်ဆေးရာ လူနာ (၁)ဦး၊ အလားတူ မေလ (၁၁)ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ လူပေါင်း ၂,၅၀၀ စစ်ဆေးရာ လူနာသစ်(၁)ဦး နှင့် မေလ (၁၈)ရက်မှ (၂၅)ရက်နေ့ အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၇၀၀ စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းကို မေလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်အရသိသည်။
လက်ရှိအချိန်အထိ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် (၀ ဒသမ ၂) ရာခိုင်နှုန်းဖြစ်ပြီး COVID-19 ရောဂါဖြင့် သေဆုံးလူနာမရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်စမှ မေ ၂၀ ရက်ထိ COVID-19 ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက် ရှိကြောင်း၊ ကူးစက်ခံရသူ အများစုသည် အသက် ၆၀ နှင့် အထက်လူကြီးများဖြစ်ကြောင်း ထိုင်း ကျန်းမာရေးဌာနဆီက သိရပါသည်။
#ppv013
#ကျန်းမာရေး
#covid 19
#ကူးစက်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။