ခမ်းသားငေါဝ်း
မေ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/16JZVHiVGM/
အောင်ပန်း- ကလောသွားလမ်းမပေါ်ရှိ မနေ့ည ၁၁ နာရီဝန်ကျင်အချိန်၌ ဘရိတ်မမိသဖြင့် ဓာတ်ဆီဆိုင် အနီးတွင်ရပ်ထားသည့် တွဲကားနှင့် ခရီးသည်တင်ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်း အောင်ပန်းမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၊ အောင်ပန်း- ကလော သွားလမ်းမ ပေါ်၌ (၂၅)ရက် နေ့ ည ၁၀ နာရီ ၄၃ မိနစ် အချိန်တွင် တွဲကားတစ်စီးသည် ဘရိတ်မမိ သဖြင့် Lucky(7)စက်သုံးဆီဆိုင်အနီးတွင် ရပ်ထားစဉ် ကလောဘက်မှလာသည့် ဒို့ညီနောင် ခရီးသည်တင်ကားတစ်စီး အရှိန်ဖြင့် ဝင်တိုက်၍ ယာဉ်တိုက်မှုဖြစ်ပွါးခဲ့သည်၊၊
“၁၀နာရီ ၄၃ မိနစ်လောက်မှာဖြစ်တာ၊ တွဲကားက လေပေါင်ကြပြီးတော့ ဘရိတ်မမိတော့လမ်းဘေးကို ထိုးရတော့ ကားလမ်းမပေါ်မှာလည်းနည်းနည်းတင်နေတာပေါ့နော် ၊ သူက ရပ်နေတဲ့အချိန် အနောက်က ဒို့ညီနောင်ကားလည်း အရှိန်နဲ့အနောက်ကို တည့်တည့် ဝင်တိုက်တယ် မနေ့က မိုးနည်းနည်းရွာနေတာတွေရယ် ၊ ခရီးသည်လည်းမပါတော့သောက်ထားတာလည်းပါမှာပေါ့၊ သူလည်းအရှိန်ပါတော့ တည့်တည့်ဝင်သွားတာ”ဟု နာရေးကူညီမှုအသင်း အောင်ပန်းမှ ပြောသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်ကားမောင်းနှင်းသူ ဒရိုက်ဘာနှင့် ကားနောက်လိုက်သူ(စပါယ်ယာ) နှစ်ဦး အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“အဲ့စပါယ်ယာဘက်ခြမ်းမှာ ညပ်နေတာ၊ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ စပါယ်ယာကို ဆွဲထုတ်တာ တော်တော်လေအချိန်ကြာဆွဲထုတ်ရတယ် နာရီဝက်လောက်တော့ကြာတယ် ဆွဲထုတ်ရတာ၊ အဲ့မှာ ခြေထောက်နှစ်ဖက်လုံးကျိုးတယ်၊ဒရိုက်ဘာ ကျတော့ခြေသလုံးဘဲ နည်းနည်းကွဲသွားတယ်၊ စပါယ်ယာတော့ တော်တော်အခြေနေဆိုးသွားတယ် ခြေထောက်နှစ်ဖက်လုံးကျိုးတယ်ခေါင်းကွဲတယ်၊ ဗိုက်နားလည်းကွဲသွားတယ်”ဟု ၎င်းကဆက်ပြောသည်။
အပြင်းထန်ထိခိုက်ဒဏ်ရာရသူ နှစ်ဦးအား အောင်ပန်းနာရေးကူညီမှုအသင်းမှ ကလော ပြည့်သူဆေးရုံးသို့ပို့ဆောင်ပေးခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွါးသည် ၂၄ ဘီး တွဲကားသည် အပြင်းထန် ထိခိုက်မှု မရှိသော်လည်း ဒို့ညီနောင် ခရီးသည်ကား၏ ကားအရှေ့ဘက်ခြမ်း ပျက်စီးမှုများကြောင်းသိရသည်။
PPV0013
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ကလောသွားလမ်းမ
#တွဲကားတစ်စီးဘရိတ်မမိ
#စက်သုံးဆီဆိုင်
#ဒို့ညီနောင်ခရီးသည်ကား
#ယာဉ်တိုက်မှုဖြစ်ပွါး
#နာရေးကူညီမှုအသင်းအောင်ပန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7