ခမ်းသားငေါဝ်း
မေလ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/16fcVAW4pw/

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အသက် (၉)နှစ်အရွယ် ကလေးတစ်ဦး တာယောတံတားဖြူအောက် ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ကျောက်မဲမြို့မှ စစ်ဘေးရှောင်လာသူ​ဖြစ်ပြီး ရွှေညောင်မြို့၊ မင်္ဂလာ ရွှေဗဟိုရ် ရပ်ကွက်တွင် ယာယီနေထိုင်ကာ မေလ ၂၅ ရက် မွန်းလွဲပိုင်း (၁) နာရီ ၁၅ မိနစ် အချိန်က တာယော တံတားဖြူအောက်နား ၊ လူကူး ဝါးတံတား ဖြတ်ကူးစဉ် ရေချောင်းထဲ ကျပြီး ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

“မိန်းကလေးရဲ့ နာမည်က မဇင်သူဖြိုး ၊ အသက် က ၉ နှစ် ရှိပြီ။ ရေချောင်း တံတားလေးကို ဖြတ်ကူးချိန် ကျသွားတာ နေ့လည်ကနေ ရှာတာ မတွေ့ဘူး။”ဟု ရွှေညောင်မြို့ခံ တစ်ဦးက ပြောသည်။

ရွှေညောင်မြို့ရှိ ပရဟိတ အဖွဲ့အစည်းများ၊ ညနေ (၆) နာရီ အချိန်ထိ ချောင်းအောက်ပိုင်း တစ်လျှောက် ကူညီ ရှာဖွေပေးသော်လည်း မတွေ့ရှိခဲ့ရကြောင်း၊ ချောင်းအောက်ပိုင်း နီးစပ်ရာ ဖြစ်သော မင်္ဂလာ ရွှေဗဟိုရ် ရပ်ကွက်၊ အုတ်ဖိုရွာ နှင့် ပေါရိသတ်ရွာ နေ ပြည်သူများကို ရှာဖွေ တွေ့ရှိပါက ဆက်သွယ် အကြောင်းကြား ပေးပါရန် သက်ဆိုင်သူများက မေတ္တာရပ်ခံ အကူအညီ တောင်းထားကြောင်းသိရ သည်။

တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၅ ခုနှစ် မေလကုန်ပိုင်းက မိုးဆက်တိုက်ရွာသွန်း၍ မိုးရေကြောင့် ချောင်းရေ မြောင်းရေများ ရေစီးသန်နေသဖြင့် ကလေးရှင် မိဘများ အနေဖြင့် လူကြီးမိဘ မပါဘဲ ကလေးငယ် ကို တစ်ယောက်ထဲ မလွှတ်ထားသင့်ကြောင်း မြို့ခံများကဆိုကြသည်။

#PPV-006
#ကလေးပျောက်
#social
#ရွှေညောင်
#တာယောချောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။