ခမ်းသားငေါဝ်း
မေ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/16mEu4F8v4/

ကရင်ပြည်နယ်၊ သံတောင် ( မြောက်ပိုင်း)အထူးဒေသအတွင်းရှိ ကယန်းပြည်သစ်ဂိတ်ကို တစ်ပတ်အတွင်း ရုတ်သိမ်း၊နောက်ဆုတ်၊ ဖျက်သိမ်းပေးရန် KNU တပ်မဟာ ၂ အထူးတပ်ရင်း၊ သံတောင်မြောက်ပိုင်းအထူးဒေသ က အသိပေးထုတ်ပြန်ထားသည်။

တော်လှန်ရေးအရှိန်မြင့်တင်ရန် KNU ဗဟိုကထုတ်ပြန်ပြီးနောက် သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့၏ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို တိုက်ရိုက်နှောင့်ယှက်လာခြင်း၊ ကယန်းပြည်သစ်အဖွဲ့မှ နယ်မြေချဲ့စခန်း၊ ဂိတ်တိုးချဲ့တည်ဆောက်ခြင်းများရှိလာကြောင်း ဆိုသည်။

ထို့ကြောင့် ကယန်းပြည်သစ်မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့တပ်ဖွဲ့များကို အချိန်မှီ ထိန်းသိမ်းပြုပြင်နိုင်ရန် အသိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်အားလိုက်နာမှုမရှိဘဲ စစ်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်နှောင့်ယှက်မည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိငွေတောင်ရွာတွင် ကယန်းပြည်သစ်အဖွဲ့မှ လာရောက်တိုးချဲ့ဆောက်လုပ်ထားသော စခန်းအားတစ်ပတ်အတွင်း ရုတ်သိမ်း၊နောက်ဆုတ်၊ဖျက်သိမ်းပေးရန် KNU က မှတ်ချက်ပေးထုတ်ပြန်ထားသည်။

PPV 003
#စစ်ရေး
#ကရင်ပြည်နယ်
#သံတောင်
#မြောက်ပိုင်းအထူးဒေသအတွင်း
#ကယန်းပြည်သစ်ဂိတ်
#ရုတ်သိမ်း
#နောက်ဆုတ်
#ဖျက်သိမ်း
#KNU
#သံတောင်မြောက်ပိုင်းအထူးဒေသ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed