ခမ်းသားငေါဝ်း
မေ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1AiZBnHc9X/

မေလနောက်ဆုံးပတ်မှစကာ ဇွန်လ(၁)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ကြောင်း NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက မေလ(၂၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခုတစ်ပတ်မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းသည့် မုန်းတိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ဆိုထားသည်။

မိုးအခြေအနေသည် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသ၌ နေရာကွက်ပြီး မိုးကြီးစွာရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထည်းသည်။

ထို့ကြောင့်အားကောင်းသည့်မုတ်သုံလေအားနှင့် လေပြင်းတိုက်ခတ်ခြင်းများနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေကျွံခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရယ်များဖြစ်ပေါ်နိုင်သခြင့် ပိုမိုဂရုပြုကြရန်လိုအပ်ကြောင်း အသိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ နေ့အပူချိန်များသည်လည်း ပုံမှန်အပူချိန်ထက် ကျဆင်းနိုင်ကြောင်း သိရသည်။

#PPV007
ပုံ- Google
#မိုးလေဝသ
#မေလနောက်ဆုံးပတ်
#မြန်မာနိုင်ငံတစ်ဝှမ်းလုံး
#နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်
#NUG
#လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7