ခမ်းသားငေါဝ်း
မေ ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/19H64ccm4y/
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားနေသည့် ကြားကာလ ပညာရေးကျောင်းများအားလုံး ဘေးအန္တရာယ်ကင်းရှင်းမှုလုပ်ငန်း ဆောင်ရွက်မှုကြောင့် ခေတ္တယာယီ ရပ်ဆိုင်းကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာနက မေလ(၂၅)ရက်တွင်ထုတ်ပြန်ထားသည်။
ယခုအချိန်မှာ မတရားအာဏာသိမ်းစစ်တပ်သည် စာသင်ကျောင်းများ၊ ဆေးရုံများ၊ လူစုလူဝေးရှိသည့် နေရာများသို့ လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ တာဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း တို့ဖြင့် လူသားများအပေါ် စစ်ရာဇဝတ်မှု(War Crimes against humanity) နေ့စဉ် ဆိုးရွားစွာ ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ နိုင်ငံသားကောင်း ရတနာကလေးသူငယ်များ၊ ဆရာ၊ ဆရာမများ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု မရှိစေရန် NUG ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော အခြေခံပညာ ပြည်သူ့အခြေပြု ပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာကျောင်းများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီ ရပ်နားထားရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
ညွှန်ကြားချက်ကို သက်ဆိုင်ရာ အဆင့်ဆင့်သော တာဝန်ရှိ အဖွဲ့အစည်းများမှ ကြီးကြပ်ကူညီပူးပေါင်း ကူညီဆောင်ရွက်ကြရန်၊ သင်ကြားသင်ယူမှု အဆက်မပြတ်စေရန်အတွက် ထုတ်ပြန်ထားသော မူဝါဒ၊ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပေးရန် ဖော်ပြထားသည်။
NUG ပညာရေးဌာနအနေဖြင့် စစ်ကောင်စီအာဏာသိမ်းချိန်မှ စပြီး ကလေးသူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင် သင်ကြားပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
#ပညာရေးဝန်ကြီးဌာန
#ကြားကာလပညာရေးကျောင်း
#ဘေးအန္တရာယ်ကင်းရှင်းမှုလုပ်ငန်း
#ခေတ္တယာယီရပ်ဆိုင်း
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7