ခမ်းသားငေါဝ်း
မေ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/17jnM3GzSs/

ဟိုပုံးမြို့ နောင်တောင်ပရဟိတကျောင်းတွင် နောင်တောင်းဗုဒ္ဓတက္ကသိုလ်မှ ၅ ကြိမ်မြောက် ဘွဲ့ရ သံဃာတော်များနှင့် ကျောင်းသူ/ကျောင်းသားများကို မေလ ၂၅ ရက်နေ့က ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတ တပ်ဦးကျောင်းဆရာတော်မှ ပအိုဝ်းလူမျိုး ပအိုဝ်းအလုပ်၊ ပအိုဝ်းကဦးဆောင်ရန်အတွက် ထိုအပ်ချက်အား လုပ်ဆောင်လာသည်မှာ ၁၀ နှစ်တိုင်ပြီဖြစ်သည့်အတွက် ပညာတတ်ဘွဲ့ရ သံဃာတော်များနှင့် ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုရခြင်းဖြစ်ကြောင်းသိရသည်၊၊

“ပြောရရင်တက္ကသိုလ်အဆင့်ပညာရေးကို ဦးဇင်းတို့ကြိုးစားလာတာ ၁၀ နှစ်ရှိပြီ ဗုဒ္ဓကောလိပ်ဆိုပေမဲ့ တက္ကသိုလ်အဆင့်ပညာရေးကို သင်ပေး၊ ရှေ့ဆောင်ပေး၊ ပြုပြင်ပေးရာက အနာဂတ်မျိုးဆက်သစ် ပညာတက်လူငယ်တွေ ရဟန်းရှင်လူတွေ ဂုဏ်ယူစရာဖြစ်ရအောင် ပအိုဝ်းရွာလူကြီးတွေ၊ ပအိုဝ်းပြည်သူတွေသိရှိအောင် အဖွဲ့ပေါင်းစုံက ပအိုဝ်းခေါင်းဆောင်တွေကအစ သိအောင်မြင်အောင် အားပေးနိုင်အောင် လျှောက်လှမ်းတဲ့လမ်းတွေ ဒီထိရောက်နေပြီ ဒီလိုရည်ရွယ်ထားပါတယ် အတွေးအခေါ်တွေ အမြင်တွေကို တမျိုးသားလုံးလည်းမြင်နိုင်အောင်၊ သိအောင်၊ လက်ခံနိုင်အောင်၊ အသိမှတ်ပြုနိုင်ဖို့ပေါ့နော် အာ့လိုရည်ရွယ်ချက်နဲ့ ဘွဲ့ပေးအပ်တဲ့ပွဲလည်းဟုတ်တယ်” ဟု နောင်တောင်း ပရဟိတကျောင်းဆရာတော်က ဒေသတွင်းမီဒီယာကို မိန့်ကြားထားသည်။

နောင်တောင်းပရဟိကျောင်းမှ ပညာရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်ရာတွင် ဌာနခွဲအနေဖြင့် စုစုပေါင်း ၁၈ ခုရှိကာ သာသနာဘွဲ့ရသူ ဆရာတော်သံဃာတော် ၃ ပါးရှိပြီး နောင်တောင်းဗုဒ္ဓတက္ကသိုလ်မှတဆင့် သိရိလင်္ကာတက္ကသိုလ်၊ ထိုင်းနိုင်ငံရှိတက္ကသိုလ်သို့ B.A ပြီး M.A ပြီးထားသည့် ရဟန်းသံဃာများ၊ နောင်တောင်းကျောင်းမှ ဆရာ၊ ဆရာမများသည် ရှေ့ဆက်ပြီးတခြားတွင်ပညာသွားသင်ရာ ပညာများရရှိလာပြီး ကျောင်းတွင် ပညာရေးလုပ်ငန်းများပြန်လှည်အကျိုးပြုသည့်သူအားလုံးအား ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုနောင်တောင်းဗုဒ္ဓတက္ကသိုလ်မှ ၅ ကြိမ်မြောက် ဘွဲ့ရသံဃာတော်များနှင့် ဘွဲ့ရကျောင်းသူ/ကျောင်းသား စုစုပေါင်း ၂၅၀ အား ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PPV001
ပုံ-Crd
#ဟိုပုံးမြို့နယ်
#နောင်တောင်းပရဟိတတပ်ဦးကျောင်း
#နိုင်ငံတော်အစိုး
#YMBA
#ဘွဲ့ရသံဃာတော်များ
#ဒီပလိုမာရရှိသူများ
#ဂုဏ်ပြုချီးမြှင့်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7