ခမ်းသားငေါဝ်း
မေ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1Bvu9uADUd/

တောင်ကြီးမြို့ ကံကြီး(ကန်ႏတန်)ရပ်ကွက်တွင်စစ်ကောင်စီမှ စစ်မှုထမ်းခေါ်ရာ၌ စစ်မှုမထမ်းလိုပါက ငွေကြေးသိန်းရာချီနီးနီး ပေးနေရကြောင်း တောင်ကြီးဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက်ရှိအမည်မဖော်လိုသည့်အမျိုးသားတစ်ဦးနေအိမ်အား ညအချိန်တွင် စစ်ကောင်စီက ကားတစ်စီးဖြင့်ဝင်ရောက်ပြီး စစ်မှုထမ်းခေါ်ရာ မသွားလိုသဖြင့် သိန်းရာချီနီးနီးပေးရသည်၊၊

“သူတို့ကအရင်အသိမပေးဘဲရုတ်တရက်ဝင်ရောက်လာတယ် စစ်မှုထမ်းဖို့ဆိုပြီးခေါ်တာမလိုက်တော့သူတို့ကပိုက်ဆံသိန်း ၈၀ တောင်းတယ် ကျွန်တော်ကသိန်း ၇၀ ဘဲရှိတော့ အဲ့လောက်ဘဲပေးလို့မရဘူးလားလို့မေးတော့မရဘူးတဲ့ အဲ့လိုနဲ့ကျွန်တော်ကသူများဆီကိုနောက်ထပ် ၁၀ သိန်းချေးပြီးသူတို့တောင်းတဲ့အတိုင်းပေးလိုက်ရတယ် အိမ်အသစ်ဆောက်ဖို့စုထားတာပါဆို မဆောက်ရတော့ဘူး”ဟုတောင်ကြီးမြို့ ကံကြီးရပ်ကွက် ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်မှုထမ်းမလိုက်သည့် မြို့ပေါ်နေပအိုဝ်းပြည်သူများသည် စစ်မှုထမ်းစရိတ်ကိုစစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့အတွက် နှစ်မျိုးစလုံး ပေးဆောင်ရပြီးကျေးရွာထဲတွင်် PNO အတွက်သာပေးရကြောင်းသိရသည်။

နောက်ဒေသခံတစ်ဦးကလည်း”ဗမာစစ်ထဲအပြီးပိုင်ဝင်တယ်ဆိုရင် ဝေးဝေးမှတစ်ခါနောက်မှာကျန်ခဲ့တဲ့မိသားစုနဲ့ဖုန်းပြောခွင့်ရတာ အဲ့ဒါတောင် ၁ နာရီလောက်တောင်မရှိ ခဏလေးဘဲနာရီကြည့်ပြီးပြောရတယ်” ဟု ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီက တောင်ကြီးမြို့၊ကံကြီးရပ်ကွက်ရှိပအိုဝ်းပြည်သူများကို စစ်မှုထမ်းရန် စာရင်းပါသည့်အထဲတွင်အသက် ၁၈ မှ ၃၈ နှစ်အရွယ်ထဲ၌အသက် ၃၈ ရောက်ခါနီးလူအားအရင်ခေါ်ယူနေကြောင်းသိရသည်။

PPV-009
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ကံကြီး
#ကန်ႏတန်
#စစ်မှုထမ်းခေါ်
#စစ်မှုမထမ်းလိုပါကငွေကြေးသိန်းရာချီနီးနီးပေးနေရ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7