ခမ်းသားငေါဝ်း
မေ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/17rXvrQ8Hi/

ဆောင်းပြောင်းရွာရှိတိုက်ပွဲကြောင့် ကောင်ဗာရွာသားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက မေလ ၂၆ ရက်တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာအနီးရှိ ကောင်ဗာကျေးရွာမှ အမျိုးသားနှစ်ဦးသည်မေလ၂၃ ရက်နေ့တွင် ဆောင်းပြောင်းရွာရှိတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။

“သူတို့ရွာစောင့်ရင်း အရက်သွားဝယ်တာ သေနတ်ငယ်က ဘယ်ဖက်ကနေလာလည်းမသိဘူး လာထိသွားတယ် ဒဏ်ရာဟာ တစ်ယောက်ကပခုံးကိုထိတယ် နောက်တစ်ယောက်တော့ဘယ်နားထိလဲမသိဘူး နှစ်ယောက်စလုံးကတောင်ကြီးမှာ ဆေးရုံတက်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်း ကိုပြောသည်။

ဆောင်းပြောင်းတွင် မေလ ၁၇ ရက်နေ့မှယခုထိ‌ နေ့စဥ်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ထိခိုက်ဒဏ်ရာရခြင်း၊နေအိမ်မီးလောင်ခံရခြင်းနှင့် ပြည်သူများ နေအိမ်စွန့်လွတ်ကာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

PPV-009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#ကောင်ဗာကျေးရွာ
#အမျိုးသားနှစ်ဦး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7