ခမ်းသားငေါဝ်း
မေ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/19Go6T4JxN/

စံကားဒေသတွင် ဒေသခံများကရွာအလှည့်ကျ ရှေ့တန်းတွင်ကင်းစောင့်ကူပေးနေရပြီး ၎င်းတို့အတွက် ရွာမှာကျန်ရှိသည့်ဒေသခံများက ပြောင်းကူစိုက်ပေးနေကြရကြောင်း မေလ(၂၇)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်တပ်သားများနှင့်အတူ ဒေသခံရွာသားများက အလှည့်ကျရှေ့တန်းတွင် ကင်းစောင့်ကူပေးနေရသဖြင့် ရွာမှာကျန်ရှိသည့်ရွာခံများက ၎င်းတို့ခြံအတွက် တစ်အိမ်တစ်ယောက် ပြောင်းကူစိုက်ပေးနေကြရကြောင်း သိရသည်။

“အခုကစိုက်ပျိုးရာသီလည်းစပြီဆိုတော့လေ ရွာမှာတစ်ချို့ကရှေ့တန်းထွက် အလှည့်ကျ ကင်းစောင့်ကူပေးရတော့ သူတို့အလုပ်လစ်ဟာမှုမရှိရလေအောင် ကျွန်တော်တို့ကတစ်အိမ်တစ်ယောက်နှုန်းနဲ့ သူတို့ခြံအတွက် ပြောင်းစိုက်ကူပေးတယ်၊ အဲ့လိုဆိုတော့သူတို့လည်း ကင်းစောင့်တာအလုပ်မပြီးမှာကို မစိုးရိမ်ရတော့ဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စံကားတောင်ဘက် ထီခိုးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲနေရာယူထားဆဲဖြစ်ပြီး စစ်ကောင်စီနှင့် PNOပြည်သူ့စစ်သည်လည်း ထီရီးနှင့် နမ်းဗွန်ရွာဘက်တွင် တပ်စွဲနေရာယူထားကာ ၎င်းတို့နှင့်အတူ ဒေသခံများက အလှည့်ကျကင်းစောင့်ကူပေးနေရကြောင်း သိရသည်။

“ကင်းစောင့်ကူပေးတာကတော့ တစ်ရွာမှာဆို(၅)ယောက်တစ်လှည့်စီသွားရတယ် ပြီးတော့တစ်ခါသွားရင် နှစ်ရွာပေါင်းပြီး လူ(၁၀)ယောက်သွားစောင့်ကူပေးရတယ်၊ အခုကစစ်ရေးတွေလည်းတင်းမာနေတုန်းပဲဆိုတော့ သွားစောင့်ကူပေးတဲ့လူတွေအတွက် စိုးရိမ်မှုတော့ရှိတာပေါ့”ဟု ၎င်းကဆက်ပြောသည်။

ဒါ့အပြင်ထီရီးရွာဘက်တွင်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဒေသခံများကတစ်အိမ်ထမင်း(၁၇)ထုပ်စီဖြင့် နေ့တိုင်းပို့ပေးနေရသေးကြောင်းသိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#အလှည့်ကျရှေ့တန်းတွင်ကင်းစောင့်ကူပေးနေရ
#ပြောင်းကူစိုက်ပေးနေကြရ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7