ခမ်းသားငေါဝ်း
မေ ၂၇၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1126113289551850&id=100064595686020&mibextid=Nif5oz
ဖယ်ခုံမြို့နယ်အတွင်းရှိစစ်ရှောင်များ မိုးတွင်းရေသိုလှောင်နိုင်ဖို့အတွက် မိုးကာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် မိုးတွင်းရေသိုလှောင်နိုင်ဖို့ အတွက် နှင့် တဲအိမ်များအတွက် မိုးကာများလိုအပ်နေသည်။
” ဒီရက်ပိုင်းအတွင်းစစ်ရှောင်တွေအကူညီတောင်းလာတာရှိတာပေါ့လေ၊ အဓိကကတော့ ရေသိုလှောင်နိုင်ဖို့ အခြေခံမိုးကာတွေ လိုအပ်တယ်၊ ပြီးသွားတော့ကျောင်းတွေ ဘာတွေဖွင့်တဲ့အတွက် ကျောင်းသူကျောင်းသားတွေရဲ့ မိုးတွင်းအတွက် လိုအပ်ချက်တွေလည်းအများပါပဲ၊ စစ်ရှောင်တွေလည်း မိုးမလှုံလေမလှုံ တဲထဲနေရတဲ့အခြေအနေမျိုးပါ” ဟုစစ်ရှောင် ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဖယ်ခုံ မြို့အနောက်ဖက်ခြမ်းတွင် နွေရာသီ၌ နှစ်စဥ် ရေရှားပါးမှုပြသနာ နှင့် ကြုံတွေ့နေရကာ ဆောင်းတွင်း နှင့် နှရောသိီတှငျ သိုလှောင်ရေးများကိုသာအသုံးပြုနေရသောကြောင့် မိုးတွင်းရေအလုံအလောက် သိုလှောင်နိုင်မှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပျက်စီသွားသော စစ်ရှောင်နေအိမ်များလည်း ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
“အခုဆို ဖယ်ခုံအနောက်ဖက်က ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတာ နှစ်ကြိမ်မြောက်ရှိသွားပြီ၊ အခုလိုအကြိမ်ကြိမ် အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်နေတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့နေနေသာသာ စစ်ရှောင်တွေက ဘယ်ကို ထပ်ပြီးစစ်ဘေးရှောင်ရမလည်း၊ ဘယ်လိုပုံစံနဲ့နေရမလည်းဆိုတာကိုပဲ တွေးပူနေကြတယ်” ဟု ၎င်း ကဆက်ပြောသည်။
ဖယ်ခုံမြို့အနောက်ခြမ်းတွင် မိုးတွင်းကာလ တွင် ရွံ့ဗွက်များထနေသောကြောင့် လမ်းပန်းဆက်သွယ် ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲဖြစ် နေ ကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း ပုံဟောင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#စစ်ရှောင်စခန်းများ
#မိုးတွင်းရေသိုလှောင်နိုင်ရန်
#တဲအိမ်များ
#မိုးကာများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7