ခမ်းသားငေါဝ်း
မေလ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/1AwdjcjavQ/
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်း မြို့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်ရန်လိုအပ်နေကြောင်းသိရသည်။
အောင်ပန်းမြို့ရှိ ရှေးဟောင်း စေတီတော်များ တည်ရှိရာ ကျေးရွာဟောင်း သာမိုင်းခမ်းတွင် ဂန္ဓကုဋီတိုက် အဆောင်၌ ငလျင်ဒဏ် ကြောင့် တိုင်လုံးများ ယိုင်ထိုးယိုင်နဲ့ ပျက်စီးခဲ့ခြင်းဖြစ်သည်။
“အောင်ပန်းမှာ ငလျင်ဒဏ်ကြောင့် သာမိုင်းခမ်း ကျောင်းဆောင်တိုင်တွေ ပျက်စီးကုန်တယ်။ ၀ သုံးလုံး တောင် မှ စေတီတော် တွေ လည်း ထိခိုက်တယ်။ ယ တောင် – နဝါတောင် ဘက် က ရပ်တော်မူ ဘုရားလည်း ထိခိုက်မှု ရှိတယ်လို့ ကြား သိရပေမယ့် မသွားရသေးလို့ မသိရပါဘူး။ နောက်ပြီး မယ်တော်မိ ဘုရား ကတော့ လုံး၀ ပျက်စီး သွားတယ်။”ဟု အောင်ပန်းမြို့ခံ တစ်ဦး ကဆိုသည်။
အောင်ပန်းမြို့ရှိ ၀သုံးလုံးတောင် ဘုရား စေတီတော်များထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည် ပြုပြင်ရန် လိုအပ် သလို မယ်တော်မိ – ဘုရားသည် လုံး၀ ပြိုကျ ပျက်စီးသွားသဖြင့် အလှူရှင်တစ်ဦးမှ အလှူငွေ သိန်း တစ်ရာကျပ် မတည်လှူဒါန်း၍ ပြန်လည် တည်ထား ကိုးကွယ်သွားရန် ပြင်ဆင်လျက် ရှိကြောင်း ဒေသခံ ထံမှ သိရသည်။
မတ်လ ၂၈ ရက် အင်အား ပြင်း ငလျင်ဒဏ်ကြောင့် အောင်ပန်းတွင် စေတီပုထိုးများပျက်စီးသည့် အပြင် ဟိုတယ်အောင်ပန်း အပါအဝင် ၊ အောက်စျေး အနီးရှိ နေအိမ် ၁၅ လုံးခန့် သည်လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံ ထံမှ သိရသည်။
#PPV-006
#သဘာဝဘေး
#အောင်ပန်း
#စေတီပုထိုးများ
#ပြုပြင်ရန်လို
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။