ခမ်းသားငေါဝ်း
မေ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/16GrNv9npX/
စစ်ကောက်စီ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅ -၂၀၂၆ ခု စာသင်နှစ်မှစ၍ ပုံနှိပ်စာအုပ်များလက်ဆင့်ကမ်းစနစ်သုံးမည်ဟု ဆိုသောကြောင့် Grade 10 မှ 12 အထိ ကျောင်းဖတ်စာအုပ်များကို မဲနှိုက်စနစ်ဖြင့် အလုအယှက်ဝယ်နေရကြောင်း ကျောင်းသားမိဘထံမှ သိရသည်။
ယခုနှစ် ပညာသင်နှစ် ၂၀၂၅- ၂၀၂၆ ခုနှစ် အထက်တန်းအဆင့်ကျောင်းသားများသည် ၂၀၂၄ ၊ နိုင်ဝင်ဘာလပညာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ဖြစ်သည့် ကျောင်းသုံးဖတ်စာအုပ် အဟောင်းများလက်ဆင့်ကမ်းမည်ဆိုသည့် စနစ်ကြောင့် ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းသားများစာအုပ်အတွက် မဲနှိုက်စနစ်ဖြင့် လုဝယ်နေရသည်။
“အရင်နှစ်ကလေးတွေသုံးထားတဲ့ စာအုပ်အဟောင်းကိုဘဲ မဲပြန်နှိုက်ရတာ တချို့မိဘတွေကလည်း အသစ်ဝယ်ထားတော့ချန်ထားခဲ့ကြတယ် မယူဘူး၊ အထက်တန်းက အရေးကြီးတယ်ကော အသစ်ဝယ်မှဘဲ အဆင်ပြေမှာ အဟောင်းကျတော့ တချို့ကလေးတွေက ပုံဆွဲခြစ်ရာတွေနဲ့ စာတွေမှတ်ထားတာတွေ စာကြည့်ရတာအဆင်မပြေဘူး၊ မရှိတဲ့သူအတွက်တော့ အပြင်မှာဝယ်ရင် လေးသောင်းကျော်လောက်ရှိတယ် Grade 12 အတွက်ဆို အဲ့ကြတော့ ဘယ်အဆင်ပြေမတုန်း” ဟု ကျောင်းသားမိဘတစ်ဦးမှပြောသည်။
ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ်ကြောင့် ကျောင်းသားတိုင်း စာအုပ်အဟောင်းကို ပြန်အပ်ရမည်ဖြစ်ကြောင်းကိုလည်းသိရသည်။
သုတေသန အဖွဲ့အစည်းဖြစ်သည့် ISP -Myanmar၏၂၀၂၄ အစီရင်ခံစာထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏသိမ်းပြီးချိန်မှစ၍ သုံးနှစ်အတွင်းလက်နက်ကိုင်ပဋိပက္ခကြောင့်ကလေးအနည်းဆုံးရှစ်သန်းမှ ၁၀ သန်းအထိ ပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရသည်။
PPV13
ပုံ-အွန်လိုင်း
#စစ်ကောက်စီပညာရေးဝန်ကြီးဌာန
#ပုံနှိပ်စာအုပ်များ
#လက်ဆင့်ကမ်းစနစ်သုံးမည်
#ကျောင်းအပ်ချိန်ဖတ်စာအုပ်
#မဲနှိုက်စနစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7