ခမ်းသားငေါဝ်း
မေလ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/1ZohQJvLK7/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ပတ်လမ်းတွင် မိုးသည်းထန် ရွာပြီး တောင်ကျရေကြောင့် ကားလမ်းရေကျော် နေကြောင်း သွားလာခဲ့သူ တစ်ဦး ပြောပြချက် အရ သိရသည်။

မေလ ၂၄ ရက် မွန်းလွဲပိုင်းမှ စတင်၍ မိုးချုပ်သည်အထိ မနားတမ်း ရွာချလိုက်သော မိုးရေ ကြောင့် တောင်ကျရေများ အင်းလေးကန် အနောက်ပတ်လမ်း တစ်လျှောက် ကားလမ်း ရေကျော် ကား ဆိုင်ကယ်များ မှောက်လဲခြင်း ရှိကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်း မိုးရွာတာ တိတ်မလားဆိုပြီး လုံး၀ မတိတ်တမ်း ရွာနေတာ ၊ လမ်းရေကျော်ပြီး ဆိုင်ကယ်တွေ သွားလို့ မရတော့တဲ့ အတွက် နောက် ပြန်လှည့်ရတယ်။ တချို့ ရေနဲ့ ပါသွားပြီး ဆိုင်ကယ် မှောက်ကြတယ်။ အဲ့ဘက်လမ်း သွားလို့ မရတော့ဘူး။ တောင်လေးလုံး အဝင်လမ်း ကနေ တောက် လျှောက်ပဲ၊ တောင်ကြော တစ်လျှောက် က ကျတဲ့ တောင်ကျရေတွေကြောင့် လမ်းရေကျော် တာပါ။”ဟု ခရီးသွားလာသူ တစ်ဦးက ဆိုသည်။

တောင်ကျရေကြောင့် ဆိုင်ကယ်မောင်းစဉ် ဒူးဆစ်မြုပ်သည်အထိ တံတား ရေကျော် သော နေရာများလည်း ရှိပြီး လမ်းတိုင်း ၊ တံတားတိုင်းတွင် ရေကျော်မှုများ ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ရွှေတောင် ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက် ၊ လမ်းမတော် ရပ်ကွက်၊ ရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင်ယနေ့မိုးရွာခြင်းကြောင့်ရေကြီး ရေလျှံ နစ်မြုပ်မှုဖြစ်ပွား ကြောင်း သိရသည်။

#PPV-006
#သဘာဝဘေး
#ရေကြီးရေလျှံမှု
#အင်းလေးအနောက်ခြမ်း
#တောင်ကျရေ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။