ခမ်းသားငေါဝ်း
မေလ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1FvcF45gvp/

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ အနိမ့်ပိုင်း ရပ်ကွက်တချို့ ရေထပ်ကြီး ပြီးနှစ်မြှုပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်မေလ(၂၄) ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမတော်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်တို့၌ ရေကြီးပြီး လမ်းမပေါ်နေအိမ်အထိ ရေဝင်နေကြောင်း ဒေသခံထံမှ သိရသည်။

“ခုထိ မိုးကရွာနေသေးတယ်။ သိတဲ့တိုင်း သွားလာရေးခက်ခဲတယ်။ တချို့အိမ်တွေဆို အိမ်ထဲထိ ရေဝင်တယ်။ တောင်ကြီးမှာ ရေကြီးတာက တချို့ စည်းကမ်းမရှိတာလည်း ပါတယ်။ အမှိုက်ဆိုလည်း ရေမြောင်းထဲဖြစ်ကလက်ဆန်း ပစ်ကြတာ။ ဒါတွေကြောင့်လည်း ပါတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

တောင်ကြီးတွင် ပြီးခဲ့သည့် မေလ(၁၅)ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဦးကြီးခမ်းရပ်ကွက်ရှိ အုတ်တံတိုင်းပြိုကျမှုကြောင့် လူထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

#PPV011
#သဘာဝဘေး
#ရေကြီး
#တောင်ကြီး
#ရေမြှုပ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။