ခမ်းသားငေါဝ်း
မေလ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1E991J8Z8f/
TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့တွင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိကြောင်း TNLA ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ (၂၁)ရက် နေ့လယ် (၁း၄ဝ)နာရီအချိန်တွင် မိုးကုတ်မြို့၊ သံလွင်တောင်ရပ်ကွက်တွင် နေထိုင်သော အသက် (၄ဝ)နှစ်အရွယ်ဦးအောင်မျိုးဟိန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါမူးယစ်ဆေးဝါးရောင်ဝယ်သူထံမှ ယာမ (၁၇)ကဒ် (တစ်ကဒ် (၃ဝ)ထုပ်ပါ)၊ ဘိန်းဖြူ ဆပ်ပြာခွက် (၁)ခွက်နှင့် ဘိန်းမည်း (၃)ပိဿာတို့ကို တွေ့ရှိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA ကဆိုသည်။
အလားတူ ပြီးခဲ့သည့် မေလ (၁၅)ရက် ညနေ (၅း၄၆)နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ လွယ်ဆာအုပ်စု ၊နားလောကျေးရွာတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန် ဘိန်းဖြူဆပ်ပြာခွက် (၄)ခွက်၊ ယာမ (၁၁)ထုပ်နှင့် ငွေသား သိန်း(၄ဝ) ကျပ်အတူ ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသည့် ဦးဇော်မင်းထက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု TNLA ကပြောသည်။
#PPV 003
#မူးယစ်ဆေး
#မိုးကုတ်
#TNLA
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။