ခမ်းသားငေါဝ်း
မေလ ၂၄၊ ၂၀၂၅
https://www.facebook.com/share/v/16Y3aASqvx/
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး လက်နက် ကြီးသံများအဆက်မပြတ်ကြားနေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၆ ရက်နေ့မှစပြီး စစ်ကောင်စီ၊ PNO နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။
” ဒီနေ့မနက်အစောကြီးကတည်းက လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေတယ်၊သေနတ်သံတွေရောပဲ၊ တိုက်ပွဲကတော့ ဖြစ်နေဆဲပဲ ” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
တိုက်ပွဲအတွင်းတွင်လည်းစစ်ကောင်စီက လက်နက်ကြီး၊ လေယာဥ်များဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်းသိရသည်။
” လက်နက်ကြီးကတော့ ရက်တိုင်းပါပဲပစ်နေတာ၊ လေယာဥ်ကတော့ ပြီးခဲ့တဲ့ရက်တွေ မှာ လာကြဲတယ်၊ ရွာထဲမှာပဲ တိုက်ပွဲဖြစ် ဗုံးကြဲတာဆိုတော့ အိမ်တွေကတော့ ပျက်မှာပဲ၊ ရွာထဲဝင်ကြည့်လိုမရတော့ အတိအကျတော့ မသိဘူး” ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သည့်မေလ ၂၀ ရက်နေ့တွင်လည်း ဆောင်းပြောင်းကျေးရွာ အနီးရှိ ကောင်ဗာ ရွာမှ အမျိုးသမီးတစ်ဦး ထမင်းချက်နေစဥ် တိုက်ပွဲအတွင်းမှ လွင့်စင်လာသောကျည်တစ်ထောင့် နောက်ကျောထိမှန်ကာ ဒဏ်ရာရသွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရသိရသည်။
ထို့အပြင် မေလ ၁၈ ရက်နေ့ကလည်း ဆောင်းပြောင်းကျေးရွာရှိ နေအိမ် ၅ လုံးတိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
#PPV 003
#တိုက်ပွဲ
#ဆောင်းပြောင်း
#လက်နက်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဗီဒီယို စစ်ကောင်စီ တပ် လက်နက်ကြီးပစ်ခတ်