ခမ်းသားငေါဝ်း
မေလ ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/16VAuzKbNR/

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ရှောင်တခင် ယာဉ်စစ်ဆေးခြင်းများ နေ့စဉ် ပြုလုပ်နေပြီး ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လိုင်စင်မဲ့ကားများဖမ်းဆီးရန် စစ်ခေါင်းဆောင် ညွှန်ကြားပြီးနောက်တောင်ကြီးမြို့တွင်း ဦးထုပ်မဆောင်းသော မော်တော်ဆိုင်ကယ်များကို ရှောင်တခင် စစ်ဆေးဖမ်းဆီးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီ အချိန်တွင်အနောက်မြို့ပတ်လမ်း ကံသာဓမ္မာရုံ လမ်းဆုံ၌ စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ရာ စည်းကမ်းလိုက်နာခြင်း မရှိသော မော်တော်ဆိုင်ကယ်ပေါင်း အစီး တစ်ရာကျော် ဖမ်းဆီးခြင်း ခံရကြောင်း ကြား သိရသည်။

“အခု လိုင်စင်မဲ့ ကားတွေ လည်း ဖမ်းတော့မယ်လို့ ကြား တယ်။ အရင်ရက်တွေထဲက အိမ်စီးကားတွေ မသိသာပေမယ့် ကားပွဲစားတွေကို လိုက်ညှစ်ပြီး ဖမ်းတာတွေ သိမ်းတာတွေ လုပ်နေတာ၊ ကား ပွဲစား တစ်ယောက် သူ့ကား အသိမ်းခံရတာ လိုက်ရွေးတာတောင် သိန်း ၂၀ ကျော် ကုန်တယ်။ အခု ရက်ပိုင်း နေ့တိုင်းပဲ ရှောင်တခင် စစ်ဆေးရေးတွေ ရှိနေတယ်။ မနေ့က မနက် ၁၀ နာရီ ကံသာဓမ္မာရုံ မှာ ဖမ်းတာ လမ်းတွေ မှာ ပုန်းပြီး ဖမ်းတာ ကားနဲ့ တင်သွားတယ်။ ၁၀ နာရီ လာထဲက တင်ဖို့ကား တစ်ခါထဲ မောင်းလာတာ တွေ့တယ်”ဟု ရပ်ကွက်နေ ပြည်သူ က ဆိုသည်။

တောင်ကြီးတွင် မေလ ၂၂ ရက်မှ စ၍ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း နေ့စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ် ထံမှ သိရသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးရမိရာတွင် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်ကလည်း မော်တော် ယာဉ် နံပါတ်ပြားနှင့် လိုင်စင်အတု ပြုလုပ်ခြင်းများကို တွေ့ရှိရပြီး ပါဝင်ပတ်သက်နေသူများကို စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန် နှင့် လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းခြင်းများကို ဖော်ထုတ် အရေးယူရန် မေလ ၂၀ ရက်တွင် ပြောကြား ခဲ့သေးသည်။

#PPV-006
#ယာဥ်ဖမ်းဆီး
#social
#ရှောင်တခင်
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။