ခမ်းသားငေါဝ်း
မေလ ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1AgBoEtGHg/
ဆီဆိုင်မြို့ နောင်ရင်းရွာမြောက်ဘက် စစ်ဆေးရေးဂိတ်တွင် အလှည့်ကျကင်းစောင့်ပေးသည့်ရွာသားကို PNO ပြည်သူ့စစ်ကရိုက်နက်စစ်ဆေးအနိုင်ကျင့်ခြင်း သတင်းကို ခမ်းသားငေါဝ်းက သတင်းဖော်ပြပြီးနောက် သတင်းပေးသူကို ပြည်သူစစ်ကလိုက်လံစုံစမ်းဖမ်းဆီးသတ်ဖြတ်ရန် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရ သည်။
အောက်ခြေတပ်သား ဗိုလ်လေးအဆင့်က လက်နက်အားကိုးပြီး ရွာသားလူထုကို နှိပ်စက်အနိုင်ကျင့်သည်ကို အရေးယူပေးမည့်အစား ကျေးရွာလူထုများကိုအစည်း အဝေးခေါ်ပြီး ဖိအားပေးကာ သတင်းပေးသူများကိုဖော်ထုတ်ပေးရန်ခြိမ်းခြောက်လုပ် ဆောင်နေသည်ဟုသိရသည်။
‘’ပြည်သူတွေက ဘာမှပြောခွင့်မရှိဘူး၊ သူတို့က ရွာသားကို သစ်ငုတ်အိုလိုမှတ်နေကြတာ သူတို့နှိပ်စက်နေတာ ငြိမ်ခံနေရမယ့်သဘော၊ မွေးဖွားကတည်းက လူ့အခွင့်အရေးဆိုတာပါလာပြီးသားဆိုပေမယ့် သူတို့က အမျိုးမျိုး ချိုးဖောက်တယ်၊ သူတို့ငွေကြေးကောက်ခံတာ၊ အမိန့်ထုတ်တာရွာသားတွေတခါမှ မလွန်ဆန်ဖူးဘူး၊ သူတို့စစ်သားကို ထိန်းကြောင်းပေးဖို့လိုတာကို ခုက လူထုကိုအပြစ်ရှာနေတယ်” ဟုသတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ဆီဆိုင်မြို့ နောင်ရင်းရွာမြောက်ဘက်စစ်ဆေးရေးဂိတ်တွင် ရွာသားများအလှည့် ကျကင်းလာစောင့်ပေးသည်ကို PNO ပြည်သူ့စစ် ဗိုလ်လေး တမောင်က စစ်ဆေးရိုက်နက် ပစ်ခတ်ခြင်းလုပ် ဆောင်ခဲ့သည်။
ထို့အပြင် ထိုစစ်ဆေးရေးဂိတ်သည် ဒေသခံများ ဖြတ်သွားဖြတ်လာလုပ်ပါကလည်းPNO ပြည်သူ့စစ်ဗိုလ်လေးတမောင်က တင်းကြပ်စွာစစ်ဆေးပြီး ငွေတောင်းခြင်း၊ ရိုက်နက်ခြင်း ပြုလုပ်သည်။
‘’လူတိုင်းက အမှားနဲ့မကင်းဘူး ဘယ်သူအမှားလုပ်သလဲ အမှားလုပ်တဲ့သူကို အရေးယူရမှာလေ၊ ပြည်သူလူထုကို အပြစ်လိုက်ရှာတာတော့မဖြစ်သင့်ဘူး၊ လူတစ်ဦးတယောက်ကြောင့် အဖွဲ့အစည်းကို ပြည်သူတွေမုန်းသွားမှာ” ဟု သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် PNO ပြည်သူ့စစ်အနေဖြင့် စစ်စည်းကမ်းတင်းကြပ်ရန် စစ်ကောင်စီ ၏အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)မှအမိန့်ထုတ်ညွန်ကြားကြောင်းသိရသည်။
#ppv002
#Humanright
#ဆီဆိုင်
#ဗိုလ်လေးတမောင်
#သတင်းပေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။