ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/1AoXkUX2bR/
ဆောင်းပြောင်းတိုက်ပွဲထဲတွင် အလှည့်ကျ PNO စစ်သားအဖြစ်စုဆောင်းခံရသည့် လိန်းညားရွာသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လိန်းညာရွာမှ အလှည့်ကျ PNO အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံရသည့် အသက် ၃၇ အရွယ်ခန့်ရှိ ခွန်စိုးသည်မေလ ၁၉ ရက်နေ့၌ဆောင်းပြောင်းတိုက်ပွဲထဲတွင် သေဆုံးသွားသည်။
“ဒဏ်ရာက ပေါင်နားနဲ့အနောက်ဘက်ကလည်ဂုတ်ကနေအရှေ့ဘက်ထိပေါက်သွားတယ် ဗမာစစ်သားနဲ့ PNOစစ်သားအချို့က လိန်းညားစာသင်ကျောင်းနားက သူတို့လက်နက်ကြီးပစ်ဖို့နေရာယူထားပြီး သူတို့အဲ့ဟာကိုစောင့်ရင်းရွာထဲအသွားအပြန်အနေနဲ့ဆိုနေ့တိုင်းလိုလိုဘဲရှိတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
လက်ရှိတွင် ကောင်ဗာ၊ ဆောင်းပြောင်းရွာနှင့်ဆက်စပ်သည့်လမ်းများပိတ်ပင်ထားပြီး ထီဗိဒကာကျောင်းစုထဲရှိကျေးရွာအချို့ စားနပ်ရိပ်က္ခာဝယ်ယူရာတွင် လိန်းညားရွာဖက်ဖြတ်သွားပြီးစျေးသုံးနေရကြောင်းသိရသည်။
“ရွာကတိုက်ပွဲနဲ့နီးနေလို့ ဘယ်သူမှပွဲမလုပ်ဘူး အသုဘပွဲကိုတော့ ဘယ်လိုထပ်လုပ်ကြမလဲတော့မသိဘူး”ဟု၎င်းဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဆောင်းပြောင်းကျေးရွာတွင် ယနေ့ထိတိုင်တိုက်ပွဲဖြစ်ပွားနေပြီး အိမ်ခြေခုနှစ်ရာကျော်ရှိကာ လူဦးရေတစ်ထောင့်ငါးရာခန့် စစ်ရှောင်ပြေးနေရကြောင်းသိရသည်။
PPV-009
ပုံ-အွန်လိုင်း
#မှုခင်း
#ဆောင်းပြောင်းတိုက်ပွဲ
#အလှည့်ကျစစ်သားအဖြစ်စုဆောင်းခံရ
#လိန်းညားရွာသား
#သေဆုံးသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7