ခမ်းသားငေါဝ်း
မေ ၂၂၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1122320796597766&id=100064595686020&mibextid=Nif5oz

စစ်ကောင်စီသည် ဖုန်းလိုင်းအောပရေတာများဖြစ်သည့် ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှု များကို ( Keyword Recognition) ခေါ် ထိလွယ်ချလွယ် စကားလုံးများဟုဆိုသောစနစ်ဖြင့် ပြည်သူများအားအမြဲစောင့်ကြည့်နေကြောင်းကို မြန်မာအင်တာနက် ပရောဂျက်နှင့် နွေဦးလုံခြုံရေး(SRS) မှ ထုတ်ပြန်ထားသည်။

၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှစ၍ Mytel၊ MPT စသည့် အောပရေတာ အားလုံး၌ ( Keyword Recognition) စနစ်ကို ထည့်သွင်းပြီး ပြည်သူများ၏ ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများမှတဆင့် ထိလွယ်ခြလွယ်သည့်စကားလုံးများ ဆန္ဒပြခြင်း၊ တော်လှန်ရေးနှင့်တိုက်ဆိုင်သောစကားများပြောဆိုခြင်းမှတဆင့် အလွယ်တကူစောင့်ကြည့်ခြေရာခံနိုင်ကြောင်းသိရသည်။

“ဘယ်လောက်ကတည်းကရှိခဲ့လည်းဆိုရင် ဇူလိုင်(၅)ရက်နေ့ (၂၀၂၁)ကတည်းကိုက key word နဲ့ ရှာတဲ့ ဥပမာ ဆန္ဒပြတာ ၊ ဒါမဟုတ် တော်လှန်ရေးတို့အဲ့လို့စကားလုံးတွေပါလာရင် စနစ်ကအောတိုသိတယ် ၊ အောတိုသိမ်းသွင်းယူတဲ့ပုံစံမျိုးလေးတွေ အဲ့လို့ဟာမျိုးလေးတွေ ၂၀၂၁ မှကတည်းက ကျွန်တော်တို့သူတို့ရဲ့ MPT / Mytel အစ ရှိတဲ့ အော်ပရေတာတွေမှာ ထည့်သွင်း လုပ်ထားပြီးသားဆိုတဲ့ဟာမျိုးနဲ့ သိရတယ်”ဟု ပရောဂျက်နှင့် နွေဦးလုံခြုံရေး(SRS) ၏ တာဝန်ရှိသူတစ်ဦးမှပြောသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် မတ်လ မှစ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေမှ ကြားဖြတ်စောင့်ကြည့်ရေးမူဝါဒကိုပြင်ဆင်ရေးဆွဲခဲ့ကြောင်းသိရသည်။

“တစ်ယောက်ယောက်ကို စောင့်ကြည့်ချင်တယ်ဆိုရင် အနည်းဆုံးတော့ တရားရုံးရဲ့ ခွင့်ပြုချက်တောင်းရတယ် ဒါမဲ့ ဒီ ဥပဒေရဲ့ ပုံစံကိုက ပြည်ထဲရေးက စိတ်ကြိုက်ဖွဲ့စည်းမယ် ပြည်ထဲရေးက စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ဗဟို ကောမတီကပဲ ဖုန်းခေါ်ဆိုမှုတွေကို သိမ်းသွင်း ယူတဲ့ကိစ္စ၊ ဖုန်းခေါ်မှုတွေကိုအချက်အလက်တောင်းခံတဲ့ကိစ္စ တွေကစပြီး ဆောင်ရွာက်နိုင်တယ် ပုံစံမျိုးကို သူတို့သေချာချမှတ်ထားတယ်”ဟု (SRS) ၏ တာဝန်ရှိသူ တစ်ဦးမှပြောသည်။

ထိုကြောင့် လက်ရှိအချိန်တွင် ခန့်မှန်းလွှမ်းခြုံမှုကြည့်ရှုရန်အတွက် “သန်း၅၀ကျော်တော့ လူတွေထဲမှာမှ ငါ့ကိုစောင့်ကြည့်နိုင်ပါမလား။ ငါ့ကဘယ်လောက်ထိ သူတို့စောင့်ကြည့်ရလောက်ထိအရေးပါလို့လား။” စသည့် မေးခွန်နှင့် အနေအထားများဖြင့် ပြည်သူများ၏ အတွေး၌ ရှိကြသည်။

သို့သော် ( Keyword Recognition) ခေါ် ထိလွယ်ချလွယ် စကားလုံးများ ဖြင့် စစ်ကောင်စီ ဘက်မှ ပြည်သူများ၏ ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုမှ အချိန်နှင့် တပြေးညီ စောင့်ကြည့်နေသော အနေထားများ ရှိကြောင်းသိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖုန်းလိုင်းအောပရေတာများ
#ဖုန်းခေါ်ဆိုမှုနှင့်စာတိုပေးပို့မှုများ
#Keyword Recognition
#ထိလွယ်ချလွယ်စကားလုံးများ
#ပြည်သူများအားအမြဲစောင့်ကြည့်နေ
#မြန်မာအင်တာနက်ပရောဂျက်နှင့်နွေဦးလုံခြုံရေး
#SRS
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed