ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/163WeJAY98/
ရှမ်းမြောက်၊နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါကြောင်း TNLA ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် မေလ ၂၀ ရက်နေ့ ညနေ (၄းဝ၅)နာရီအချိန်တွင် PSLF/TNLA ထိန်းချုပ်ထားသော ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲချခဲ့သောကြောင့်ဒေသခံပြည်သူ၏ နေအိမ် (၁)လုံးထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် မေလ (၁၈)ရက်လည်း နောင်ချိုမြို့နယ်၊ဒိုးပင်အုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် ပေါင်(၂၅ဝ)ဗုံး (၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကိုမြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျှက်ရှိကြောင်း TNLA ကဆိုသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နောင်ချိုမြို့နယ်
#ဟိုခိုကျေးရွာ
#ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7