ခမ်းသားငေါဝ်း

မေ ၂၁၊ ၂၀၂၅

https://www.facebook.com/share/p/16Gtmens11/

မြန်မာနိုင်ငံတွင် ဧပြီလ (၂၇)ရက် မှ မေလ (၁၈)ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂)ဦး တွေ့ရှိခဲ့ကြောင့် စစ်ကောင်စီလက်အောက် COVID-19 ရောဂါ စောင့်ကြပ်ကြည့်မှုနှင့် ပတ်သက်ပြီး သတင်းမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်၂၀၂၅ ခုနှစ် ‌ဧပြီလ (၂၇) ရက်နေ့မှ မေ (၄)ရက်နေ့အထိ တစ်ပတ်အတွင်း လူပေါင်း ၂,၆၂၄ ဦးကို စစ်ဆေးခဲ့ရာ မေလ (၅) ရက် စာရင်းအရ လူနာ (၁)ဦး၊ မေလ (၁၁)ရက်နေ့မှ မေလ (၁၈) ရက်နေ့အထိ လူပေါင်း ၂,၄၆၁ ဦးကို စစ်ဆေးရာတွင် မေလ (၁၉) ရက်နေ့ တွင် လူနာသစ်(၁)ဦး ၊ စုစုပေါင်း ၂ ဦး ပိုးတွေ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ မေ (၁၇) ရက်အထိ ရောဂါဖြစ်ပွားသူ ၁ သိန်း ၆ ထောင် ၅ ရာ နီးပါး ရှိပြီး ရောဂါကြောင့် သေဆုံးသူ (၂၆) ဦးရှိကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) မှ သိရသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝသည် မကြာခဏမျိုးရိုးဗီဇပြောင်းလဲ၍ ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့်အတူ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ယနေ့အထိ တွေ့နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင့် သိရသည်။

PPV0013
ပုံ-အွန်လိုင်း
#ကျန်းမာရေး
#မြန်မာနိုင်ငံ
#COVID-19
#ဓာတ်ခွဲအတည်ပြုလူနာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7