ခမ်းသားငေါဝ်း
မေလ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/167UYtS994/
ဘော်ဆိုင်းဒေသတွင်တစ်ညအတွင်း နေအိမ်လေးလုံး ဖောက်ထွင်း ခံရပြီး ဆိုင်ကယ် လေးစီးခိုးခံရကာ ၂ စီး ပြန်လည်တွေ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဘော်ဆိုင်းဒေသတွင် မေလ ၂၀ ရက်နေ့က ကံဦးရပ်ကွက်၌ နေအိမ် ၃ လုံး၊ ရွာဟောင်း ရွာထဲ တွင် နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် လေးလုံးမှ ဆိုင်ကယ် လေးစီး ကို ဖောက်ထွင်း ခိုးယူခံရကြောင်း သိရသည်။
“တစ်ညထဲ အိမ်လေးလုံး ဖောက်ခံရတာ၊ ဆိုင်ကယ် လေးစီး ခိုးခံရပြီး နှစ်စီး ပြန်တွေ့တယ်။ သူခိုးတအားသောင်းကျန်းတယ်။ Alpha ဘီးတွေချည်းပဲ ခိုးခံရတယ်။”ဟု ရပ်ကွက်နေဒေသခံ ပြည်သူပြောသည်။
မော်တော်ဆိုင်ကယ်များကို ခြံဝန်းအတွင်းတွင်ပင် ထားရှိခြင်း ဖြစ်ပြီး ဝင်းတံခါးကို သော့ဖျက်ကာယူခြင်း ဖြစ်ကြောင်းသိရသည်။
မေလ ၂၀ ရက် ညပိုင်း သန်းခေါင်းယံ အချိန်တွင် ဆိုင်ကယ်များခိုးယူခံလိုက်ရခြင်း ဖြစ်ပြီး ဘော်ဆိုင်းမှ လမ်းမအတိုင်း ထွက်လာကာ ၂ မိုင် အကွာ ရှိ ဖောင်ဆိုင်းကျောင်း မြောက်ဘက် အဝင်းလမ်း ဘယ်ဘက် ခြမ်းတွင် တစ်စီးတွေ့ရှိခဲ့ပြီး ၊ ထိုနေရာ အရှေ့ဘက် ခြုံထဲတွင် ဇက်သော့ ခတ်ဖွက်ထားသော အဖြူရောင် တစ်စီးကို ထပ်မံပြန် တွေ့ကြောင်း သိရသည်။
ထိုနေရာတွင် ကုမ္ပဏီ လုပ်ကွက်အစောင့် ရှိပြီး ၊ ထို အစောင့်က ဇက်သော့ ခတ်ထားသော ဆိုင်ကယ်ကို တွေ့သဖြင့် တစ်ယောက်အကူခေါ် ထမ်းပြီး နေရာ ရွေ့ကာ ထိန်းသိမ်း ထားပေးခြင်း ဖြစ်ကြောင်း ၊ မနက်ဘက်မှ စက်ငှားပြီး ပြန်တင်လာရခြင်း ဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် ၂ စီးကို ပြန်လည် ရှာတွေ့ခဲ့သော်လည်း ၊ သူခိုးများ ဆက်လက် လွတ်မြောက် သွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် သူခိုးများ သောင်းကျန်း နေပြီး၊ တောင်ကြီးတွင်လည်း နေ့စဉ် ဆိုင်ကယ် ပျောက်ဆုံးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဆိုင်ကယ် ပျောက်ဆုံးမှုများ နေ့စဉ် ကြုံရသော်လည်း သူခိုးများကို ဖမ်းဆီး ရမိနိုင်ခြင်း မရှိသေးကြောင်း မြို့ခံများက ဝေဖန်နေကြသည်။
#ppv006
#တရားဥပဒေစိုးမိုးရေး
#ဘော်ဆိုင်း
#သူခိုး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။